A d v e r t i s e m e n t With Us

မန်ကျီးစေ့မှာပါသည့် ဓာတ်ပစ္စည်းများ တောကြီးမြွေဟောက်အဆိပ်ကို ဖြေနိုင်

မန်ကျီးစေ့မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ တောကြီးမြွေဟောက် အဆိပ်ကို ဖြေနိုင်တယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံက သုတေသနပညာရှင်တွေနဲ့ မလေးရှားနိုင်ငံက သုတေသန ပညာရှင်တွေက ပူးပေါင်းပြီး ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ တောကြီးမြွေဟောက် အဆိပ် ၃၁.၅ မိုက်ကရိုဂရမ်ကို ကြွက် ၅ကောင်ရဲ့ အရေပြားအောက်ကို ထိုးသွင်းပြီး တနာရီအကြာမှာ မန်ကျီးစေ့ရဲ့ အက်သနောမှာပျော်ဝင်နေတဲ့ ဓာတ်ပစ္စည်း ၁၅ မီလီဂရမ်ကို ထိုးပေးလိုက်တဲ့အခါမှာ ကြွက် ၅ ကောင်စလုံး အသက်ရှင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် တောကြီးမြွေဟောက်ရဲ့ ကြွက်သားတွေကို ဖျက်ဆီးနိုင်တဲ့ အစွမ်းသတ္တိကိုလည်း မန်ကျီးစေ့က ကာကွယ်ပေးနိုင်တာကို တွေ့ရှိခဲ့ရတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ မန်ကျီးဟာ မြွေပွေးရဲ့ အဆိပ်အာနိသင်ကိုလည်း ခြေဖြတ်နိုင်တယ်ဆိုတာကို အရင်ကတည်းက တွေ့ရှိထားပြီးဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up