A d v e r t i s e m e n t With Us

တမူးမြို့တွင် ပစ်ခတ်မှုဖြစ်၊ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ဒီကနေ့မနက် ၁၁ နာရီခွဲလောက်က ပစ်ခတ်မှု တခုဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးသွားပါတယ်။ တမူးမြို့အထွက် ရွှေမြို့တော် ဆီဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုမောင်မောင် ဆိုတဲ့ ကသည်းလူမျိုးတဦး သေဆုံးသွားခဲ့တာလို့ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောပါတယ်။ “အရင်တုန်းက ဗမာပြည်ထဲကို လာနေတဲ့ ကသည်းလူမျိုးပေါ့ဗျာ။ ကိုမောင်မောင်ကို ပစ်ပြီး ပြေးသွားတဲ့ သဘောပဲ။ သူက ကသည်းလူမျိုးပေါ့နော်။ သူရဲ့ မှတ်ပုံတင်နာမည်က ကိုမောင်မောင်လို့ ခေါ်တာပေါ့နော်။ သူ့ကို ဘယ်သူက ပစ်သွားတယ်ဆိုတာ အခုတော့ စုံစမ်းတုန်းပေါ့ဗျာ။” တမူးမြို့ အပါအ၀င် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ ကသည်းလူမျိုးတွေ လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒီကနေ့ သေဆုံးသွားသူရဲ့အလောင်းကို စစ်တပ်က လာရောက်သိမ်းသွားတယ်လို့လည်း ဦးမြင့်ဇော်က ပြောပါတယ်။  

A d v e r t i s e m e n t With Us

More News
Up