A d v e r t i s e m e n t With Us

သေဆုံးပြီး ရေခဲတိုက်ထဲမှပြန်နိုးထကာ ပါတီပွဲတက်သည့် အမျိုးသား

ရုရှားနိုင်ငံသား အမျိုးသားတဦးဟာ သေဆုံးသွားခဲ့ပြီလို့ အတည်ပြုပြီးမှ ရေခဲ တိုက်ထဲမှာ ပြန်လည်နိုးလာခဲ့ပြီး ပါတီပွဲတက်ခဲ့ပါတယ်။ သူဟာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူ ပါတီပွဲကျင်းပချိန်မှာ ဗော်ဒကာအရက်တွေ အလွန်အကျွံသောက်ခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ ဆရာဝန်တွေက အတည်ပြုပေးခဲ့တာလို့ ဒီဇင်ဘာ ၃၁ ရက်နေ့ ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဖော်ပြပါတယ်။ အဲဒီအချိန်မှာပဲ လူနာတင်ယာဉ်ရောက်လာခဲ့ပြီး သူ့ကို အအေးခန်းရေခဲတိုက်ထဲမှာ ထားခဲ့ကြပြီး ရုတ်တရက်ပြန်နိုးလာခဲ့တာပါ။ ရုရှားရဲဌာနပြောရေးဆိုခွင့်ရသူ အလက်ဆေးစတိုယက်ဗ်က “အဲဒီနေ့က ရေခဲ တိုက်ထဲမှာ လူသေအလောင်းတွေဟာ စင်တွေပေါ်တင်မက အောက်ခြေကြမ်းပြင်တွေ ပေါ်မှာပါ ရှိနေခဲ့တာပါ။ သူဟာ ပြန်နိုးလာခဲ့ချိန်မှာ သူဘယ်နေရာရောက်နေသလဲဆို တာကို နားလည်နိုင်ခဲ့မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။ သူဟာ အေးစက်မှောင်မဲနေတဲ့အခန်းထဲက ရုတ်တရက်ကြောက်လန့်တကြား ထွက်ပြေးခဲ့တာပါ။ သူဟာ ပါတီပွဲကျင်းပတဲ့နေရာဆီပြန်ရောက်ချိန်မှာ သူ့သူငယ်ချင်းတွေဟာ အရက်သောက်နေကြဆဲဖြစ်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာ သိပြီးတဲ့နောက်မှာတော့ ပြန် လည်မွေးဖွားခြင်းပါတီအဖြစ် ပြောင်းလဲသွားခဲ့တယ်လို့ သတင်းကဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up