A d v e r t i s e m e n t With Us

အေဒင်ဆိပ်ကမ်းကို ယီမင်အစိုးရတပ် ပြန်လည်သိမ်းပိုက် (ရုပ်သံ)

ယီမင်အစိုးရတပ်တွေက အေဒင်ဆိပ်ကမ်းမြို့ကို ထိန်းချုပ်ထားတဲ့ သေနတ်သမားတွေနဲ့ တိုက်ပွဲအပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၄ ရက်နေ့က အပြည့်အဝ ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တိုက်ပွဲဟာ အေဒင်မြို့ရဲ့ ကုန်စည်နဲ့ ကုန်သေတ္တာ သိုလှောင်ရာ နေရာတွေကို အာရုံစိုက်ထားခဲ့တယ်လို့ အေဒင်ဒေသခံအစိုးရရဲ့ ပြောခွင့်ရက ပြောပါတယ်။ တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦးနဲ့ သေနတ်သမား ၄ ဦး သေဆုံးတယ်။ လုံခြုံရေးတပ်တွေက ဆိပ်ကမ်းအဆောင် ၂ ခုလုံးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွင်း ၉ လကျော်ကြာ တိုက်ပွဲတွေ ဖြစ်နေလို့ လူသားချင်းစာနာမှု ကပ်ဘေး ဆိုက်နေပေမယ့် တပ်တွေက တိုက်ဖို့ အဆင်သင့်ပဲလို့ ယီမင်စစ်သားတယောက်က ပြောပါတယ်။ ဇန်န၀ါရီ ၄ ရက်နေ့ တိုက်ပွဲအတွင်း သေနတ်သမားတွေက ဆွန်နီမွတ်စလင် ဆူဖီ သဘောတရားရေး အုပ်စုဝင် အယ်လ် ဂိုင်လာနီကို အသေပစ်သတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ တိုက်ခိုက်မှုအတွက် တာဝန်ခံမှုတော့ မရှိသေးသလို တိုက်ခိုက်ရတဲ့ အကြောင်းရင်းကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up