A d v e r t i s e m e n t With Us

မြန်မာစပါးကြီးမြွေ အောင်လအင်ဆန်း ရန်ကုန်ရောက်ရှိ

အမေရိကန်မှာ မြန်မာစပါးကြီးမြွေလို့ နာမည်ကြီးနေတဲ့ ကချင်လူမျိုး နာမည်ကျော် လက်ဝှေ့သမား အောင်လအင်ဆန်းဟာ ဇန်န၀ါရီ ၅ ရက်နေ့ည ၁၀ နာရီခွဲအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။ ဇန်န၀ါရီလ ၇ ရက်နေ့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်ရှိ မင်္ဂလာခန်းမမှာ ပြုလုပ်မယ့် ဘက်စုံသုံးတိုက်ခိုက်ရေး One Championship လက်ဝှေ့ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ Mixed Martial Art-MMA ဘက်စုံသုံးတိုက်ခိုက်ရေး လက်ဝှေ့ပြိုင်ပွဲကို လာမယ့် မတ်လ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်း အမျိုးသားအားကစားပြိုင်ပွဲရုံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Phyo Hein Kyaw

A d v e r t i s e m e n t With Us

More News
Up