A d v e r t i s e m e n t With Us

ဆူးတောင်ပြာ ကျူနာငါး ကန်ဒေါ်လာ ၁ သိန်း ၃ သောင်းခန့်ဖြင့် လေလံအောင် (ရုပ်သံ)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ငါးဈေးကြီးမှာ အခုနှစ်ရဲ့ ပထမဆုံးငါးလေလံပွဲမှာ ကီလို ၂၀၀ အလေးချိန်ရှိတဲ့ ဆူးတောင်ပြာ ကျူနာ ငါးတကောင်ဟာ အမေရိကန်ဒေါ်လာ ၁၂၇၀၀၀ ကျော် နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဆူရှီစားသောက်ဆိုင် အများအပြားပိုင်ဆိုင်တဲ့ ကီယိုမူရာ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ကီယိုရှီ ကီမူရာက အခုလိုနှစ်သစ်လေလံပွဲမှာ ၅ နှစ်ဆက်တိုက် လေလံအောင်ခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်း အိုမာမြို့ကမ်းလွန်ပင်လယ်ပြင်မှာ ဖမ်းဆီးရမိတဲ့ ကျူနာငါးကြီးဖြစ်ပြီး မနှစ်က ရောင်းချနိုင်ခဲ့တဲ့ လေလံဈေးထက် အများကြီးမြင့်တဲ့ဈေးနဲ့ ၀ယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အမေရိကန်ဒေါ်လာ ၃၇၀၀၀ ကျော်နဲ့ပဲ ရောင်းချနိုင်ခဲ့ပြီး လေလံဈေးအမြင့်ဆုံး ရရှိခဲ့တဲ့ နှစ်ကတော့ ၂၀၁၃ ခုနှစ်ကဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၃ သန်းကျော်တောင် ရရှိခဲ့တာပါ။ ဂျပန်နိုင်ငံမှာ အခုလို နှစ်တနှစ်ရဲ့ ပထမဆုံး ငါးလေလံပွဲမှာ ဈေးမြင့်မြင့်ရရှိရင် တနှစ်လုံး အရောင်းအ၀ယ်လည်းကောင်းပြီး စီးပွားရေးလည်း တိုးတက်ကောင်းမွန်မယ်လို့ ယုံကြည်ကြတာပါ။ အခုလာမယ့် နိုဝင်ဘာလမှာ ဒီသမိုင်းဝင်တိုကျိုငါးဈေးကြီးကို နေရာသစ် ပြောင်းရွှေ့တော့မှာမို့ ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ငါးလေလံပွဲဟာ ဈေးဟောင်းမှာ နောက်ဆုံးကျင်းပတဲ့ ငါးလေလံပွဲလည်းဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up