A d v e r t i s e m e n t With Us

ဝိန်းရွန်နီ အင်္ဂလန် ၁ နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရ

အင်္ဂလန်အသင်းခေါင်းဆောင် ၀ိန်းရွန်နီကို ၂၀၁၅ ခုနှစ်အတွက် အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ပရိသတ်တွေက မဲပေးရွေးချယ်လိုက်ပါတယ်။ ၀ိန်ရွန်နီဟာ ပြီးခဲ့တဲ့နှစ်က ယူရိုခြေစစ်ပွဲမှာ အင်္ဂလန်အတွက် စံချိန်တင် ၅ ဂိုးသွင်းပေးထားခဲ့ပြီး အင်္ဂလန်အကောင်းဆုံး ဘောလုံးသမားဆုကို ၄ ကြိမ်မြောက်ရရှိသွားတာပါ။ မန်ယူ တိုက်စစ်မှူး ရွန်နီဟာ အင်္ဂလန်အသင်းကို ထောက်ခံအားပေးသူတွေက ပေးတဲ့ မဲအရေအတွက် ၃၇ ရာခိုင်နှုန်းနဲ့ ဆုရခဲ့တာ ဖြစ်ပါတယ်။ စတုတ်စီးတီးအသင်းရဲ့ ဂိုးသမား Butland ကတော့ အသက် ၂၁ နှစ်အောက်အတွက် ပေးတဲ့ တနှစ်တာ အကောင်းဆုံးဆုကို ရရှိသွားပါတယ်။ ဆုပေးတဲ့ အခမ်းအနားကိုတော့ အင်္ဂလန်အသင်းရဲ့ လာမယ့် မတ်လထဲမှာ ကစားမယ့် နိုင်ငံတကာ ပွဲစဉ်မတိုင်မီ ပေးအပ်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up