A d v e r t i s e m e n t With Us

ရီရဲလ်တိုက်စစ်မှူး ဂါရတ်ကို မန်ယူက ပေါင် ၇၅ သန်းဖြင့် ခေါ်ယူရန် အဆင်သင့်ဖြစ်

မန်ချက်စတာ ယူနိုက်တက်အသင်းက ရီရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂါရတ် ဘေးလ်ကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူနိုင်ရေးအတွက် အဆင်သင့်ဖြစ်နေပြီလို့ ဗြိတိန်မီဒီယာတခုဖြစ်တဲ့ မေယာသတင်း မှာ ဖော်ပြထားပါတယ်။ မန်ယူက ဝေးလ် လက်ရွေးစင် တိုက်စစ်မှူး ဘေးလ်ကို ခေါ်ယူဖို့ အကြိမ်အကြိမ် ကြိုးစားခဲ့ဖူး တယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။ ရီရဲလ်မက်ဒရစ်အသင်းက ရလဒ်တွေ မကောင်းလို့ ဇန်န၀ါရီ ၄ ရက်နေ့ ညမှာ နည်းပြ ဘင်နီတတ်ဇ်ကို ထုတ်ပယ်ပြီး နည်းပြသစ်အဖြစ် ရီရဲလ် ကစားသမားဟောင်း ဇီဒန်းကို ခန့်အပ်ထားပါတယ်။ နည်းပြသစ် ဇီဒန်းကတော့ တိုက်စစ်မှူး ဘေးလ်ကို ရောင်းထုတ်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ယူအသင်းရဲ့ ဇန်န၀ါရီ အပြောင်းအရွေ့ ဈေးကွက်မှာ နံပါတ်တစ် ဦးစားပေးအဖြစ် ရှိနေတယ်လို့လည်း ဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up