A d v e r t i s e m e n t With Us

လိပ်ကျွန်းအမှု တရားမျှရေးအတွက် နိုင်ငံတကာ ဟက်ကာအုပ်စု ထိုင်းရဲတပ်ဖွဲ့ဝက်ဘ်ဆိုဒ်များကို တိုက်ခိုက်

လိပ်ကျွန်းအမှုအတွက် မျှတတဲ့ တရားဥပဒေကို တောင်းဆိုနေတဲ့ anonymous ဟက်ကာအုပ်စုဟာ တော်ဝင်ရဲတပ်ဖွဲ့ရဲ့ အထွေထွေဌာန အပါအ၀င် ထိုင်းနိုင်ငံက ရဲတပ်ဖွဲ့ရဲ့ ၀က်ဘ်ဆိုဒ် ၁၄ ခုကို ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နောင်ခိုင်နယ်မြေ ရဲတပ်ဖွဲ့ရဲ့ ၀ပ်ဆိုဒ်ကို တိုက်ခိုက်ပြီး ချန်ရစ်ခဲ့တဲ့ ပုံမှာပါတဲ့ စာတွေအရ ဒီတိုက်ခိုက်မှုမှာ မြန်မာဟက်ကာတွေလို့လည်း ယူဆဖွယ်ရှိတဲ့ Blink Hacker Group လဲ ပါဝင်နေတာကိုတွေ့ရပါတယ်။ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အခြေအနေကို ပြန်လည်ထိန်းသိမ်းလိုက်နိုင်ပြီဖြစ်ပြီး ဒီလို ဆိုက်ဘာတိုက်ခိုက်မှုဟာ ပြည်ပကနေ လုပ်နေပါစေ၊ တရားဥပဒေအရ ဖော်ထုတ်အရေးယူသွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ anonymous လို့ခေါ်တဲ့ နိုင်ငံတကာ ကွန်ရက်ဟာ ဟက်ကာတွေ၊ ကွန်ပျုတာပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ၊ နယ်ပယ်အသီးသီးက တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပြီး လိပ်ကျွန်း အမှုမှာ မြန်မာနိုင်ငံသား ၂ ဦးအပေါ် သေဒဏ်ချမှတ်မှုဟာ ထိုင်းရဲတပ်ဖွဲ့က ဓားစာခံအနေနဲ့ အသုံးချတာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားပြီး ထိုင်းနိုင်ငံရဲ့ ခရီးသွားဧည့်လုပ်ငန်းအပေါ် သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up