A d v e r t i s e m e n t With Us

အေအီးစီကြောင့် မြန်မာနိုင်ငံတွင် တရုတ်ပစ္စည်းအသုံးပြုမှု လျှော့ကျနိုင်

အာစီယံစီးပွားရေးအသိုက်အ၀န်း(အေအီးစီ)စတင်နေပြီဖြစ်တာကြောင့် အာစီယံနိုင်ငံအချင်းချင်း ကုန်သွယ်ရာမှာ ကဏ္ဍအလိုက် အခွန်ကင်းလွတ်ခွင့်တွေရရှိတဲ့အတွက် အာစီယံ ထုတ်ကုန်တွေက တရုတ်ကုန်စည်တွေထက် ဈေးနှုန်းလျှော့ပြီး ပြည်တွင်းဈေးကွက်ကိုဝင်လာနိုင်ဖို့ ရှိနေပါတယ်။ အခွန်ပေးဆောင်ပြီးမှ ပြည်တွင်းကိုသွင်းခွင့်ရမယ့် တရုတ်ကုန်စည်တွေက ဈေးပိုမြင့်နေနိုင်ပြီး အရည်အသွေးပိုကောင်းသလို ဈေးနှုန်းသင့်တင့်တဲ့ အေအီးစီအဖွဲ့ဝင် အာစီယံ အိမ်နီးချင်းနိုင်ငံတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပိုမိုဝယ်ယူ အသုံးပြုဖွယ်ရှိနေတာပါ။ ဘဏ်လုပ်ငန်းအကြံပေးဦးရဲမင်းဦးက ဈေးချင်းတုပြီး အရည်အသွေးကောင်းရင် အရည်အသွေးကောင်းတာရွေးကြမှာဖြစ်လို့ အာစီယံပစ္စည်းကို အထိုက်အလျှောက် ပိုသုံး လာနိုင်ပေမယ့် တရုတ်ဈေးကွက် ပျက်သွားလောက်အောင်တော့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။ မြန်မာ-တရုတ်နယ်စပ်ဘက်မှာတော့ ဈေးကွက်တွေရှိပြီး နယ်စပ်ဘက်က တရုတ်ပစ္စည်းတွေ လောက် အာစီယံ ထုတ်တွေကဈေးချနိုင်မှာ မဟုတ်ဘူးလို့ လည်းပြောပါတယ်။ လက်ရှိ မြန်မာပြည်တွင်း ဈေးကွက်မှာ အေအီးစီအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံက ထုတ်ကုန်တွေအပြင် ဗီယက်နမ်နိုင်ငံကနေလည်း မော်တော်ဆိုင်ကယ်တွေ၊ ပရိဘောဂတွေနဲ့ အိမ်သုံး ပန်ကာ အပါအ၀င် လျှပ်စစ်ပစ္စည်းတွေ ၀င်လာနေတာပါ။ အာစီယံစီးပွားရေးအသိုက်အ၀န်း (အေအီးစီ) ဟာ ၂၀၁၅ ဒီဇင်ဘာလ ၃၁ ရက်နေ့က စတင်အသက်ဝင်နေပြီဖြစ်ပြီး မြန်မာအပါအ၀င် လာအို၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကိုတော့ လက်ရှိမှာ ကန့်သတ်ချက်တချို့နဲ့ဝင်ခွင့်ပေးထားကာ ၂၀၁၈ ထိ ပြင်ဆင်ချိန်ပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up