A d v e r t i s e m e n t With Us

ဆန္ဒပြမှုတွေကြောင့် ရန်ကုန်ရှိ ထိုင်းသံရုံး ၄ ရက်ဆက်ပိတ်

မြန်မာနိုင်ငံ ရန်ကုန်အခြေစိုက် ထိုင်းသံရုံးကို ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ပိတ်ထားဦးမှာဖြစ်နယ်လို့ ထိုင်းသံရုံးက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းလိပ်ကျွန်းမှုက သေဒဏ်ကျခံ မြန်မာနိုင်ငံသားနှစ်ဦးအရေးနဲ့ ပတ်သက်ပြီး ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြဿ နာတွေ ဆက်လက်ဆိုသလို ဖြစ်ပေါ်လာပြီး နောက်ပိုင်း ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ထိုင်းသံရုံး ယာယီပိတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ဆန္ဒပြတာတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ဒီတပတ်အတွင်းမှာ သံရုံး ဆက်လက်ပိတ်တာဖြစ်ပါတယ်။ ဒါ့အပြင် သံရုံးတည်ရှိရာ မနော်ဟရီလမ်းကိုလည်း ပိတ်ထားပြီး ရဲတပ်ဖွဲ့က လုံခြုံရေးယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up