အိန္ဒိယလေတပ်စခန်း စစ်သွေးကြွများ ၀င်ရောက်တိုက်ခိုက် (ရုပ်သံ)

ပါကစ္စတန်နိုင်ငံနဲ့ နယ်စပ်အနားက အိန္ဒိယလေတပ်စခန်းကို စစ်သွေးကြွတွေ ၀င်ရောက်တိုက်ခိုက်ခဲ့တာ ၃ ရက်ရှိ ပြီဖြစ်ပေမယ့် လေတပ်ထဲမှာ အကြမ်းဖက်လက်ကျန်တွေနဲ့ ဇန်န၀ါရီ ၄ ရက်နေ့အထိ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။ ဇန်န၀ါရီ ၄ ရက်နေ့အထိ စစ်သွေးကြွ အနည်းဆုံး ၅ ဦးနဲ့ အိန္ဒိယတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးသွားပြီလို့ အိန္ဒိယစစ်တပ်က ကြေညာပါတယ်။ လေတပ်စခန်းထဲမှာ ဆက်လက်တိုက်ခိုက်နေတဲ့ စစ်သွေးကြွ ဘယ်နှစ်ယောက်ကျန်သေးတယ်ဆိုတာလည်း အတိအကျ မသိရပါဘူး။ ဒီလေတပ်စခန်းတိုက်ခိုက်ခံရမှု နဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်မိုဒီ ဇန်န၀ါရီလ ၃ ရက်နေ့က အရေးပေါ်လုံခြုံရေးအစည်းအဝေးခေါ်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့တပတ်က ၀န်ကြီးချုပ် မိုဒီဟာ ရုရှားကအပြန် ကြိုတင်ကြေညာခြင်းမရှိပဲ ပါကစ္စတန်နိုင်ငံကို ၀င်ရောက်ခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် န၀ဇ်ရှရစ်နဲ့ နှစ်နိုင်ငံလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့ ၀န်ကြီးချုပ်နှစ်ဦး သဘောတူခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာမယ်လို့ မျှော်လင့်နေချိန်မှာပဲ အိန္ဒိယ ရှေ့တန်းလေတပ်စခန်းဟာ ပါကစ္စတန်အခြေစိုက်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ပြစ်တင်ရှုတ်ချထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up