ဘတ်စ်ကားတစီးမီးလောင်၊ အနည်းဆုံးလူ ၁၄ ဦးသေဆုံး(ရုပ်သံ)

1.9K
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရင်ချွန်းမြို့မှာ ဒီနေ့မနက်ပိုင်းက ဘတ်စ်ကား တစီးမီးလောင်းကျွမ်းခဲ့ပြီး အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့ပါတယ်။
မနက် ၇ နာရီ ၃ မိနစ်ဝန်းကျင်မှာ မီးလောင်းကျွမ်းခဲ့ကာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ မသိသေးဘူးလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ကားပေါ်ပါ တခြားလူ ၃၂ ဦးကိုဆေးရုံကို ပို့ဆောင် ထားပြီး ဆက်လက်စုံစမ်းမှုတွေလုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။