A d v e r t i s e m e n t With Us

ပြင်သစ်ဂန္ထ၀င်ဘောလုံးသမား ဇီဒန်းကို ရီရဲလ်အသင်းနည်းပြအဖြစ် ခန့်အပ်

စပိန်ထိပ်သီး ရီရဲလ်မက်ဒရစ် အသင်းဟာ နည်းပြ ရာဖာဘန်နီတက်စ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ဘီအသင်းကိုကိုင်နေတဲ့ ပြင်သစ် ဂန္ထ၀င်ကစားသမားကြီး ဇီဒန်း ကို အစားထိုးခန့်အပ်လိုက်ပါတယ်။ ရာသီတ၀က်အတွင်းမှာပဲ နည်းပြအပြောင်းအလဲ လုပ်လိုက်တာဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အသင်းဥက္ကဋ္ဌ ဖလိုရန် တီနို ပီယာရက်စ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဇနီးနဲ့ကလေးတွေနဲ့အတူ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ဇီဒန်းကလည်း ရာထူးသစ်အတွက် စိတ်လှုပ်ရှားနေတဲ့အကြောင်းနဲ့ အသင်း အောင်မြင်ဖို့အတွက် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကြိုးစားသွားမယ်လို့ ပြောပါတယ်။ ဇီဒန်းနဲ့ စာချုပ်သက်တမ်း ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ရီရဲလ်ကလပ်က လောလောဆယ် ထုတ်မပြောသေးပါဘူး။ ဇီဒန်းဟာ ရီရဲလ်အသင်းမှာ ငါးရာသီ ကစားခဲ့ပြီး ဥရောပ ဖလားနဲ့ ၂၀၀၂ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်အောင် ပံ့ပိုးပေးခဲ့သူဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up