A d v e r t i s e m e n t With Us

လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူးဆောင်ဘွဲနှင့်တံဆိပ် ၁၀၀ ခန့် အပ်နှင်း

ဓာတ်ပုံ - MOI
၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ တံဆိပ်ပေါင်း ၁၀၀ လောက်ကို နိုင်ငံတော်သမ္မတက အပ်နှင်းချီးမြှင့်လိုက်ပါတယ်။ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ ၁၄ ဘွဲ့၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ၃ ဘွဲ့၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ၇၅ ခု၊ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ၄ ခုတို့ကို ပေးခဲ့တာပါ။ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့အနေနဲ့ သီဟသူရဘွဲ့ရသူ တစ်ယောက်ရှိပြီး အမှတ် ၁၀၉ ခြေမြန်တပ်ရင်းက ဗိုလ်ကြီး စွမ်းရည်အောင်က ရခဲ့တာပါ။ သူရဘွဲ့ရသူကတော့ ၁၄ ယောက်ရှိပြီး တပ်သားတစ်ယောက်၊ ဒုတပ်ကြပ် ၃ ယောက်၊ ဒု အရာခံ ဗိုလ် တစ်ယောက်နဲ့ အရာရှိတွေ ရခဲ့ကြပါတယ်။ အလင်္ကာကျော်စွာဘွဲ့ကိုတော့ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုး၊ အကယ်ဒမီ စင်ရော်မောင်မောင်နဲ့ ဟင်္သာတ မြင့်ငွေတို့က ရရှိခဲ့ပါတယ်။ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကိုတော့ တပ်သား သုံးယောက်၊ ဒုတပ်ကြပ် ၁၈ ယောက်၊ ၈ ယောက်၊ တပ်ကြပ်ကြီး ၆ ယောက်၊ တပ်ခွဲတပ်ကြပ်ကြီး တစ်ယောက်၊ ဒု အရာခံဗိုလ် ၇ ယောက်နဲ့ အရာရှိတွေ ရခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆပ်တွေကိုတော့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲသီဟတံဆိပ် ရရှိသူ ဒု ရဲအုပ်တစ်ယောက်နဲ့ မီးသတ် ဒုတပ်ကြပ်နှစ်ယောက်၊ ရဲတပ်ကြပ် တစ်ယောက်တို့က ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up