A d v e r t i s e m e n t With Us

ဗြိတိန်ထောက်လှမ်းရေး သူလျှိုလုပ်ပေးမှုဖြင့် လူ ၅ ဦးကို အိုင်အက်စ်အဖွဲ့ သတ်ဖြတ် (ရုပ်သံ)

ဗြိတိန်ထောက်လှမ်းရေးအတွက် သူလျှိုလုပ်ပေးမှုနဲ့ လူ ၅ ဦးကို သတ်ဖြတ်ခဲ့တဲ့ အိုင်အက်စ် အကြမ်းဖက်ဗီဒီယိုထဲမှာ ဗြိတိသျှလေသံနဲ့ ဗြိတိန်နိုင်ငံကိုတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့သူကို ဗြိတိန်ထောက်လှမ်းရေးနဲ့ လုံခြုံရေးအေဂျင်စီတွေက စုံစမ်းနေပါတယ်။ အိုင်အက်စ်အကြမ်းဖက် အဖွဲ့က အရင်ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတွေမှာ အနောက်နိုင်ငံသားတွေကို တယောက်ပြီးတယောက် ခေါင်းဖြတ်ပြခဲ့တဲ့ ဗြိတိန်နိုင်ငံသား ဂျီဟတ်ဒီ ဂျွန် ရဲ့ လေသံ မဟုတ်တော့ပဲ နောက်ထပ်အသစ်တယောက်ဖြစ်ပါတယ်။ ဂျီဟတ်ဒီ ဂျွန် ဆိုတဲ့ အရင်တယောက်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဆီးရီးယားနိုင်ငံ၊ ရတ်ကာမြို့အနား ဒရုန်းလေယာဉ်နဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့ပြီလို့ အမေရိကန်စစ်တပ်က ဆိုပါတယ်။ အိုင်အက်စ်အကြမ်းဖက် ခေါင်းဆောင်တွေ တယောက်ပြီးတယောက် လေကြောင်း ပစ်ခတ်မှုတွေအတွင်း သေဆုံးနေတဲ့အတွက် သူတို့ရှိနေရာအတိအကျကို သတင်းပေးနေသူတွေ ကို ဖော်ထုတ်ရှင်းလင်းနေတာကို ဒီသတ်ဖြတ်မှု ဗီဒီယိုအရသိရှိနိုင်တယ်လို့ လုံခြုံရေး အကဲခတ်တွေက ဆိုပါတယ်။ ဗြိတိန်နိုင်ငံကနေ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေကို သွားရောက်ပြီး အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်သူ အယောက် ၈၀၀ လောက်အထိ ရှိနိုင်တယ်လို့  ဗြိတိန်လုံခြုံရေးအာဏာပိုင်တွေက ယုံကြည်ထားကြပြီး အဲ့ဒီထဲက တ၀က်လောက်က ဗြိတိန်နိုင်ငံကို ပြန်ရောက်လာကြတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up