A d v e r t i s e m e n t With Us

အိန္ဒိယငလျင်လှုပ်၊ အနည်းဆုံး လူ ၉ ဦးသေဆုံး

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့တော်မှာ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် အနည်းဆုံးလူ ၉ ဦးသေဆုံးခဲ့ပါတယ်။ အင်အား ၆ ဒဿမ ၇ ပြင်းအားရှိတဲ့ အဲဒီငလျင်ဟာ ဇန်န၀ါရီလ ၄ ရက်နေ့၊ ဒေသစံတော်ချိန်မနက် ၄ နာရီ ၃၅ မိနစ် အချိန်မှာ မြို့တော်ရဲ့ အနောက်တောင်ဘက် ၁၇ ကီလိုမီတာအကွာမှာ လှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အင်ဖာမြို့တော်မှ ၆ ထပ်အမြင့်ရှိ အဆောက်အအုံသစ်တခုဟာ လုံးဝပြိုကျပျက် စီးခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့ကာ လူ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရဲတွေကပြောပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ လူ ၃ ဦးသေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့လူတွေကို ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အင်ဖာမြို့ခံ ဒီးပက်ရှီဂျက်ဂူရူမေရမ်က “အချိန်က အားလုံးအိပ်မောကျနေချိန်မှာ ဖြစ်ခဲ့တာမို့ အိပ်ယာက ထပြေးခဲ့ကြရတာပါ။ လမ်းတွေပေါ်မှာ လူတွေဟာ အော်ဟစ်ငိုယို ဆုတောင်းနေကြ တယ်။ ဒီအဖြစ်ဆိုးကြီးဖြစ်အပြီး နာရီပေါင်းကြာတဲ့တိုင်အောင် ထိတ်လန့်နေကြတုန်းပဲ”လို့ ပြောပါတယ်။ အဲဒီဒေသဟာ ငလျင်လှုပ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပြီး လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် တုန်းကလည်း ကက်ရှ်မီးယားဒေသမှာ အင်အား ၇ ဒဿမ ၆ ပြင်းအားရှိ ငလျင်လှုပ် ခတ်မှုကြောင့် လူပေါင်း ၇၅၀၀ ကျော် သေဆုံးခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up