ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသည့်အနေဖြင့် မုံရွာတွင် ဗိုလ်ချုပ်ပုံပါ ၅ ကျပ်တန် ပေးဝေ





2.2K
၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မုံရွာနှလုံးသားအဖွဲ့မှ ကိုကျော်ဇင်သန့်၊ ကိုကျော်ဇေယျ၊ မအိဖြိုးသန့်တို့မှ မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကြီးအနီးမှာ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်ပုံပါ ၅ ကျပ်တန် အပြာရောင်ငွေစက္ကူများကို ပေးဝေခဲ့ပါတယ်။ ဒီနေ့ မနက် ၇ နာရီ အချိန်ကတည်းက စတင်ပေးဝေနေတာဖြစ်ပြီး အရွက် ၅၀၀ ဝေခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့တွင်လည်း ထပ်မံဝေငှဦးမယ်လို့ သိရပါတယ်။
ဓာတ်ပုံ - အောင်ကိုလတ်