ပင်လယ်စာ ရှာဖွေနေ့သည့် တောင်ကိုရီးယား ပင်လယ်ပျော်အမျိုးသမီးများ (ရုပ်သံ)

2.4K
တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူကျွန်းပေါ်မှာ ထိန်းသိမ်းခဲ့ကြတဲ့ အထူးယဉ်ကျေးမှုတရပ် အဖြစ် ဟက်ညောင့် လို့သိကြတဲ့ ပင်လယ်ပျော်မိန်းမတွေဟာ မနက်အစောကြီး ပင်လယ်ထဲ ဒိုင်ဗင်ထိုးဆင်းပြီး ပင်လယ်ထွက် အစားအစာတွေ ရှာဖွေကြတာပါ။
ဂျယ်ဂျူးကျွန်းမြောက်ဖက်ကမ်းရိုးတန်းနားမှာ အရိုးခိုက်အောင် အေးလှတဲ့ ဆောင်းတွင်း မနက် ၇ နာရီခွဲလောက်မှာ ပင်လယ်ပျော်မိန်းမအဖွဲ့တဖွဲ့ကတော့ ဒိုင်ဗင်ထိုးဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ သူတို့ပုခုံးထက်မှာလည်း အ၀ါရောင် ဘော်ယာတွေ သယ်လာပြီး လက်ထဲမှာလည်း ခြင်းတွေ ကိုင်ပြီးတော့ ပင်လယ်ထဲ ၅ မီတာကနေ ၁၅ မီတာလောက်နက်တဲ့ ပင်လယ်ထဲ ဒိုင်ဗင်ထိုးဆင်းပြီး ပင်လယ်ရေအောက် ကျောက်တုံးတွေကြားထဲက အက်ဘလုံးငါးတွေနဲ့ ပင်လယ်သခွားသီးလို့ ခေါ်တဲ့ ငါးတွေလို ပင်လယ်အစားအစာတွေ ရှာဖွေကြတာပါ။
သူတို့ဟာ ပင်လယ်ထဲ ၅ နာရီကနေ ၆ နာရီလောက်ထိ အလုပ်လုပ်ကြလေ့ရှိပါတယ်။ ဒီအလုပ်ရဲ့ စွန့်စားရတဲ့ လုပ်ငန်းသဘာဝနဲ့ ခေတ်မီငါးဖမ်းနည်းတွေ တိုးတက်လာတာတွေ ကြောင့် ပင်လယ်စာ ရှာဖွေသူ ပင်လယ်ပျော်မိန်းမ ဟက်ညောက်တွေ ခုဆို အတော်နည်းသွား ပါပြီ။
ဟက်ညောက်ယဉ်ကျေးမှုကို ထိန်းသိမ်းထားဖို့အတွက် အစိုးရက ကျွန်းပေါ်မှာ ဟက်ညောက်ပြတိုက်နဲ့ ဟက်ညောက် ပညာရေးကို ရည်ညွှန်းတဲ့ ကျောင်းတကျောင်း တည်ဆောက်ပေးထားပါတယ်။
တောင်ကိုရီးယားအစိုးရဟာ ဟက်ညောင့်ယဉ်ကျေးမှုကို ယူနက်စကိုရဲ့ ထိတွေ့လို့ မရနိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တခုအဖြစ် စာရင်းတင်သွင်းဖို့ ကြိုးစားနေပါတယ်။