A d v e r t i s e m e n t With Us

၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းတွင် လူသတ်မှု ၁၉၁ မှု ဖြစ်ပွား

ရဲ ၂ ဦး သတ်ခဲ့သည့် တရားခံဦးတင်မြင့်ကို ၂၀၁၅ ခု အောက်တိုဘာ ၇ ရက်နေ့က ရုံးထုတ်လာစဉ်။
ရန်ကုန်တိုင်းဒေသကြီးမှာ၂၀၁၅ ခုနှစ်အတွင်း လူသတ်မှု ၁၉၁ မှု ဖြစ်ပွားခဲ့ပြီး၊ အရင် ၂၀၁၄ နှစ်ထက် ၅ မှု တိုးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရဲ့ သတင်းထုတ်ပြန်ပါတယ်။ အဲဒီလူသတ်မှု ၁၉၁ မှုမှာ မဖော်ထုတ်နိုင်တဲ့ အမှု ၁၄ မှု ရှိခဲ့ပြီး၊ လုယက်မှုကတော့ ၂၀၁၅ တနှစ်လုံးမှာ ၆၇ မှု ဖြစ်ပွားခဲ့တာပါ။ ဒီလို အမှုတွေ ဖြစ်ပွားလာတာဟာ ၂၀၁၄ ခုနှစ်ထက် ၁၉ မှု ပိုမိုဖြစ်ပွားခဲ့ပြီး အမှု ၂၀ ကျော်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလို အမှုတွေများလာတာဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွှတ်ပေးတဲ့အကျဉ်းသားတွေ ထဲမှာ ဒုစရိုက်သမားတွေ အများအပြားပါဝင်လာတာဟာလည်း အကြောင်းအရင်းတခုဖြစ်တယ်လို့ ရဲအရာရှိတဦးက သုံးသပ်ပြောကြားပါတယ်။

A d v e r t i s e m e n t With Us

More News
Up