အီရန်ဆန္ဒပြသူများ ဆော်ဒီသံရုံး ၀င်ရောက်စီးနင်း

940
အီရန်ဆန္ဒပြသူတွေဟာ မြို့တော်တီဟီရန်မှာ ရှိတဲ့ ဆော်ဒီသံရုံးကို ဇန်န၀ါရီ ၃ ရက်နေ့အစောပိုင်းက ၀င်ရောက် စီးနင်းခဲ့ပါတယ်။
ထင်ရှားတဲ့ ရှီးယားမွတ်စလင် အီရန် ထိပ်တန်းခေါင်းဆောင် နင်မယ်လ်နင်မ်ကို ဆော်ဒီအစိုးရက သေဒဏ်ပေးလိုက်တာကို မကျေနပ်လို့ ဆန္ဒပြသူတွေဟာ သံရုံးဂိတ်တံခါးတွေမှာ စုရုံးခဲ့ကြပြီးနောက် အဆောက်အဦထဲကို ချိုးဖျက်ဝင်ရောက်ကာ ပရိဘောဂတွေကို ရိုက်ချိုးပြီး မီးရှို့ခဲ့ကြပါတယ်။ နောက်မှ ရဲ ရောက်လာပြီး နှင်ထုတ်ခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက အေးဆေးတည်ငြိမ်ကြဖို့ တောင်းဆိုခဲ့ပြီး သံတမန် အဆောက်အဦတွေကို လေးစားပေးဖို့ ဆန္ဒပြသူတွေကို တိုက်တွန်းခဲ့ပါတယ်။
သံရုံးကို ဓာတ်ဆီဗုံးတွေ၊ ကျောက်ခဲတွေနဲ့ ထိန်းမနိုင်သိမ်းမရ ပစ်ပေါက်တိုက်ခိုက်ခဲ့ကြတဲ့ သူတွေကို ဖမ်းဆီးထားပြီးဖြစ်ပြီး အရေအတွက် အတိအကျ မသိရသေးဘူးလို့ တီဟီရန်ရဲချုပ်က ပြောပါတယ်။
အစိုးရရှေ့နေကတော့ လူ ၄၀ လောက် ဖမ်းထားတယ်လို့ ဆိုပါတယ်။ နင်မ်ရဲ့ သေဒဏ်ချခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆော်ဒီကို ဝေဖန်တဲ့ အီရန်ရဲ့ အဓိပတိ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီကတော့ ဆွန်နီနိုင်ငံက နိုင်ငံရေးသမားတွေ သူ့ရဲ့သေခြင်းအတွက် နတ်ဘုရားတွေရဲ့ ဒဏ်ခတ်တာ ခံရမယ်လို့ ပြောဆိုသွားကြောင်း နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်သွားပါတယ်။