ခရီးကြမ်းကားမောင်းပြိုင်ပွဲတွင် လမ်းချော်ပြီး ပွဲကြည့်ပရိသတ်ကို အရှိန်ဖြင့် ၀င်တိုက် (ရုပ်သံ)

2.2K
အာဂျင်တီးနားနိုင်ငံမှာ ပြုလုပ်တဲ့ ဒက်ကား ခရီးကြမ်း ကားမောင်းပြိုင်ပွဲရဲ့ ပဏာမ ရှေ့ပြေးမောင်းနှင်မှုမှာ ဇန်န၀ါရီ ၂ ရက်က တရုတ်လူမျိုး ကိုမယ့်လင်း မောင်းတဲ့ကားဟာ လမ်းချော်ထွက်ပြီး ပွဲကြည့်ပရိသတ်တွေကိုလည်း အရှိန်နဲ့ ၀င်တိုက်မိသွားတာကြောင့် လူ ၁၀ ယောက် ဒဏ်ရာ ရရှိသွားပြီး အဲ့ဒီထဲက ၂ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေလို့ ကားမောင်းပြိုင်ပွဲအသင်း(အေအက်စ်အို) က ပြောပါတယ်။
ဗျူနိုအေရီးစ်ကနေ ရိုစာရီယိုကို ရှေ့ပြေးခရီး ၆.၆ ကီလိုမီတာလောက်မှာ ကိုမယ့်လင်ရဲ့ကားဟာ လမ်းကြောင်းကနေ ချော်သွားပြီး ပွဲကြည့်ပရိသတ်အတော်မျာများ ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ပွဲစီစဉ်သူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒေသလုံခြုံရေးတပ်ဖွဲဝင်တွေနဲ့ ကားမောင်းပြိုင်ပွဲအသင်းတို့ဟာ အခင်းဖြစ်ပွားတဲ့နေရာ ဗျူနိုအေးရီးစ်ကနေ ကီလိုမီတာ ၂၀၀ အကွာမှာရှိတဲ့ အာရာစီးဖှီးစ်ကို အသင်းပိုင် ရဟတ်ယာဉ် ၄ စီး၊ ဆေးဝါးယာဉ် ၅ စင်းနဲ့အတူ ဒေသ လူနာတင်ယာဉ် ၁၀ စင်းတို့ ချက်ချင်းလိုလို ရောက်ရှိလာကြပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ ပရိသတ် ၂ ဦးကို ပီလာက ဆေးရုံတခုဆီ ပို့ဆောင်ထားပါတယ်။ နောက်ထပ် ဒဏ်ရာရရှိသူတွေကိုလည်း ဆေးရုံကို ပို့ဆောင်ပေး ထားပါတယ်။
ကားမောင်းသူ ကိုမယ့်လင် လည်း ဆေးဝါးစောင့်ရှောက်မှု ခံယူနေရပြီး သူ့ရဲ့ဒဏ်ရာ အခြေအနေတော့ မသိရပါဘူး။ ခရီးဝေး ခရီးကြမ်း ကားမောင်းပြိုင်ပွဲကို ဇန်န၀ါရီလ ၃ ရက်နေ့မှာ ရိုဆာရီယိုကနေ စတင်တော့မှာ ဖြစ်ပါတယ်။