Home
သတင်းဓာတ်ပုံ
အိန္ဒိယနယ်စပ်ငလျင်လှုပ်၊ လူအချို့ သေဆုံးဒဏ်ရာရ
DVB
·
January 4, 2016
10649878_552125631609186_4918083862633782814_n
10628278_552125674942515_173127638633386371_n
1457503_552125638275852_3285601881536315221_n
1239400_552125648275851_4660577995575085304_n
734863_552125694942513_7323429755042718156_n
ဇန်န၀ါရီလ ၄ ရက်မနက် မြန်မာစံတော်ချိန် ၅ နာရီ ၃၅ မိနစ်၊ ၂၂ စက္ကန့်အချိန်မှာ မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၂၅၀ ခန့်အကွာ မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံ မဏိပူဒေသကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခုလှုပ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ငလျင်ကြောင့် မြေတုန်ခါမှုတွေ ရှိခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု သတင်းတွေတော့ မသိရသေးဘူးလို့ အထက်မြန်မာပြည် မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ ငလျင်ဒဏ်ကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အင်ဖာမြို့မှာတော့ အနည်းဆုံး သေဆုံးသူ ၆ ဦးရှိပြီး ဒဏ်ရာရသူ ၁၀၀ လောက် ရှိတယ်လို့ Times of India သတင်းမှာဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း လူတချို့ ထိခိုက်သေဆုံးမှုရှိခဲ့သလို မြန်မာနိုင်ငံမှာလည်း စစ်ကိုင်းတိုင်း အပါအ၀င်ဒေသတချိုမှာ ငလျင်ဒဏ်ကို ဒေသခံတွေ သိရှိခံစားခဲ့ကြရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024