A d v e r t i s e m e n t With Us

အိုင်အက်စ်နှင့် အီရတ်တပ်ဖွဲ့များ ရာမာဒီမြို့စွန်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား (ရုပ်သံ)

အီရတ်နိုင်ငံအလယ်ပိုင်း ရာမာဒီမြို့ကို ပြီးခဲ့တဲ့ ၁ ပတ်က အီရတ်တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့အပြီး ဆုတ်ခွာသွားတဲ့ အိုင်အက်စ်အကြမ်းဖက်တွေရဲ့ မြို့စွန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ အီရတ်တပ်ဖွဲ့က ပြောဆိုပါတယ်။ ဇန်န၀ါရီ ၃ ရက်နေ့က ထိတွေ့မှုအများစုဟာ ရာမာဒီမြို့ မြောက်ဖက်နဲ့ အရှေ့ဖက်မြို့စွန်တွေမှာ ဖြစ်ပြီး အီရတ်တပ်ဖွဲ့တွေက ပြန်ပြီး တိုက်ခိုက်ရှင်းလင်းနေတယ်လို့ အမေရိကန်မဟာမိတ်တပ်ဖွဲ့တွေရဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။ ရာမာဒီမြို့လယ်နဲ့ မြို့စွန်မှာ အိုင်အက်စ်တပ်ဖွဲ့ဝင် ၇၀၀ လောက်ပုန်းအောင်းနေတာ ယူဆရတယ်လို့ အမေရိကန်မဟာမိတ်တပ်ဖွဲ့က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့က ရာမဒီမြို့နားက အီရတ်စစ်တပ်စခန်းတခုကို အိုင်အက်စ်အကြမ်းဖက်တွေ လာရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီရာမာဒီမြို့ကို ပြီးခဲ့တဲ့နှစ် မေလက အိုင်အက်စ်အကြမ်းဖက်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီး ပြီးခဲ့တဲ့တပတ်ကပဲ အီရတ်တပ်ဖွဲ့တွေက ဒေသခံဆွန်နီတပ်ဖွဲ့တွေ ပူးပေါင်းပြီး ပြန်လည်သိမ်းပိုက်ယူခဲ့တာပါ။ ရာမာဒီမြို့မှာ တပ်စွဲထားတဲ့ အီရတ်တပ်ဖွဲ့တွေကို တိုက်ခိုက်နိုင်လောက်အောင် အိုင်အက်စ်အကြမ်းဖက်တွေ အင်အားမရှိဘူးလို့ အမေရိကန်မဟာမိတ်တပ်ဖွဲ့ တပ်မှူးကြီးက ပြောဆိုပါတယ်။ ရာမာဒီမြို့ကို လုံးဝသိမ်းပိုက်ပြီးသွားရင် ၂၀၀၆-၂၀၀၇ ခုနှစ် အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ အပြင်းအထန် တွန်းလှန်ခံရချိန် အမေရိကန်စစ်တပ်က ကျင့်သုံးခဲ့တဲ့မဟာဗျူဟာအတိုင်း ရာမာဒီမြို့ကို ဒေသခံဆွန်နီခေါင်းဆောင်တွေကို လွှဲပြောင်းပေးမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up