A d v e r t i s e m e n t With Us

အိမ်ရှင် ခရစ္စတယ် ပဲလေ့စ်ကို ချဲလ်ဆီးအသင်း ၃ ဂိုးပြတ်ဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၃ ရက်နေ့က ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးက ခရစ္စတယ် ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ အဝေးကွင်းမှာ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ နည်းပြသစ် ဟစ်ဒစ်စ် လက်ထက်မှာ ပထမဆုံး နိုင်ပွဲရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ၂၉ မိနစ်မှာ ကွင်းလယ်သမား အော်စကာက သွင်းယူပါတယ်။ ချဲလ်ဆီး တောင်ပံသမား ဟာဇက် ဒဏ်ရာရပြီး ပြိုင်ပွဲမှာ လူစားလဲတာ ခံခဲ့ရပါတယ်။ ချဲလ်ဆီးအတွက် ဒုတိယဂိုးကို ကွင်းလယ်သမား ၀ီလျံစ်က မိနစ် ၆၀ မှာ သွင်းယူပါတယ်။ ဒီပွဲမှာ အိမ်ရှင် ခရစ်စတယ် ပဲလေ့စ်အသင်း ချဲလ်ဆီးဘက်ကို ဖိအားပေးပြီး ကစားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးက တန်ပြန်တိုက်စစ်ကနေ အများဆုံး ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ အပိတ်ဂိုးကို ၆၆ မိနစ်မှာ တိုက်စစ်မှူး ကော်စတာက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ၂၃ မှတ်နဲ့ အဆင့် ၁၄ နေရာမှာ ရှိနေပြီး ခရစ်စတယ် ပဲလေ့စ်က ၃၁ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up