Monday, May 29, 2023
HomeLead Storyမက္ကဆီကိုတွင် မြို့တော်ဝန်အဖြစ် ကျမ်းကျိန်ပြီး နောက်တနေ့ ပစ်သတ်ခံရ

မက္ကဆီကိုတွင် မြို့တော်ဝန်အဖြစ် ကျမ်းကျိန်ပြီး နောက်တနေ့ ပစ်သတ်ခံရ

မက္ကဆီကိုနိုင်ငံရဲ့ တမ်မစ်ခ်ကိုမြို့တော်မှာ အသစ်ခန့်အပ်လိုက်တဲ့ မြို့တော်ဝန်ဟာ မြို့တော်ဝန်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တနေ့မှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ မိုရေလို့စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရာကို ရာမီရဇ်က တွစ်တာမှာ ရေးတင်ထားပါတယ်။

မြို့တော်ဝန် ဂီဆဲလာ မိုတာဟာ နှစ်သစ်ကူးရက် ဇန်န၀ါရီ ၁ ရက်နေ့မှာ မြို့တော်ဝန်ရာထူးတာဝန် စတင်ထမ်းဆောင်ပြီး ၂ ရက်န့မှာတော့ သူ့နေအိမ်မှာပဲ သေနတ်သမားတွေ တိုက်ခိုက်တာ ကြုံရတာလို့ မက္ကဆီကို မြို့တော်သတင်းစာ အလ် ယူနီဗာဆယ်မှာ ရေးသားပါတယ်။

ဒေသရဲတပ်ဖွဲ့က နောက်ပိုင်းမှာ တိုက်ခိုက်သူလို့ ယူဆရသူ ၂ ယောက်ကို ဖမ်းမိထားပြီး နောက်ထပ် ၂ ယောက်ကတော့ သေဆုံးသွားတယ်လို့ မိုရေလိုစ် ရှေ့နေချုပ်ရုံးက ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီကိစ္စမှာ သေနတ်သမား ၉ ယောက် ပါဝင်ပတ်သက်နေတယ်လို့ တမ်မစ်ခ်ကို အတွင်းရေးမှူးချုပ် ကားလို့စ် ကလ်တန်ကို က ပြောပါတယ်။

ကွန်ဂရက်စ် ဖက်ဒရယ်အဖွဲ့ဝင်ဟောင်း မိုတာက  အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်မယ်ဆိုတဲ့ ကတိကြောင့် ခုလို ပစ်မှတ်ထားခံရတာ ဖြစ်မယ်လို့ တာဝန်ရှိသူအချို့က ယူဆထားကြောင်း ကာလ်တန်ကို က ပြောပါတယ်။

မက္ကဆီကိုမှာ မူးယစ်ဆေးဝါး ကုန်ကူးမှုကနေ ငွေကြေးထောက်ပံ့ထားတဲ့ လက်နက်ကိုင်ဂိုဏ်းတွေဟာ ဒေသအာဏာပိုင်တွေ အတော်များများကို ထိန်းချုပ်ထားကြပြီးတော့ မနှစ်တုန်းက မြို့တော်ဝန်အတော်များများ အသတ်ခံခဲ့ရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular