A d v e r t i s e m e n t With Us

၂ နှစ်အရွယ် သမီးငယ်ကို ပြန်ရောင်းစားသည့် ဖခင်

မလေးရှာနိုင်ငံမှာ အသက် ၂ နှစ်အရွယ် သမီးမိန်းကလေး တယောက်ကို မူးယစ်ဆေးစွဲနေတဲ့ ဖခင်ဖြစ်သူက တခြားတဦးဆီမှာ မလေးရှားငွေ  ၁၂၀၀၀ နဲ့ ရောင်းစားခဲ့ပါတယ်။ မလေးရှာနိုင်ငံ ရဲတွေက လူပျောက်မှုနဲ့ စုံစမ်းစစ်ဆေးရာကနေ မူးယစ်ဆေးစွဲနေတဲ့ ဖခင်ဖြစ်သူက သမီးငယ်ကို ရောင်းစားတဲ့ အမှုမှန် သိရှိခဲ့ကြောင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ထိုင်း khaosod သတင်းမှာ ဖော်ပြထားပါတယ်။ သတင်းအရ ဒီအမှုနဲ့ ပတ်သက်တဲ့ ဖခင်ဖြစ်သူ အပါအ၀င် သံတယရှိသူ ၃ ဦးကိုလည်း ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ရဲတွေကတော့ ရောင်းစားခံထားရတဲ့ ကလေး ဘယ်နေရာမှာ ရှိတယ်ဆိုတာ မသိရသေးသလို ဆေးစွဲနေတဲ့ ဖခင်ဆီက အချက်အလက်တွေ မရရှိသေးပါဘူး။ ရဲတွေကတော့ ကလေးဟာ ရောင်းစားခံထားရတဲ့သူဆီမှာပဲ ရှိမယ်လို့ ယုံကြည်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up