သရီးဒီရောင်ခြယ်ခြေတုနှင့် ချစ်စဖွယ်ခွေးကလေး (ရုပ်သံ)

1.3K
ခြေတုနဲ့ ပြေးလွှားနေတဲ့ ချစ်စဖွယ် ခွေးကလေးတကောင်ရဲ့ ဟန်ပန်ဟာ သင့်ကို မဆွဲဆောင်နိုင်ခဲ့ဘူးဆိုရင်တော့ သင်ဟာ စတီးအသည်းနှလုံးနဲ့ လူသားဖြစ်နေပါလိမ့်မယ်။
ဒါဘီအမည်ရတဲ့ ခွေးကလေးဟာ “ငြိမ်းချမ်းရေးနှင့် ခြေသည်းများ” အမည်ရတဲ့ ခွေးကယ်တင်စောင့်ရှေက်ရေးဂေဟာမှာ ခြေတုအသုံးပြုပြီး ရှင်သန်နေရတဲ့ ခွေးကလေး တကောင်ပါ။
သူ့ရဲ့ရှေ့ခြေ ၂ ချောင်းမသန်တဲ့အတွက် သူဟာ ဘီးတပ်ကိရိယာတခုနဲ့ သွား လာလှုပ်ရှားနေရတာပါ။
ဒါဘီ့ကို အဲဒီဂေဟာကနေ တာရာအန်ဒါဆင်အမည်ရတဲ့ အမျိုးသမီးတဦးက ကောက်ယူမွေးစားခဲ့တာပါ။
တာရာအန်ဒါဆင်ဟာ သရီးဒီပုံနှိပ်ကုမ္ပဏီတခုက ပရောဂျက်မန်နေဂျာတဦး ဖြစ်ကာ ဒါဘီ့အတွက် ပိုမိုသက်တောင့်သက်သာဖြစ်စေမယ့်နည်းလမ်းကို ရှာဖွေခဲ့တာပါ။
ခုချိန်မှာတော့ သရီးဒီရောင်ခြယ်ခြေတုနဲ့ ပျော်ပျော်ရွှင်ရွှင်လှုပ်ရှားသွားလာနေတဲ့ ခွေးကလေးဒါဘီရဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဒေးဘီးအက်ဂ်ျသတင်းမှာ ဇန်န၀ါရီလ ၃ ရက် နေ့က ဖော်ပြပါတယ်။