A d v e r t i s e m e n t With Us

တရုတ်အစိုးရ ဆန့်ကျင်ရေး စာပေရေးသားသူ အယ်ဒီတာ ထပ်မံပျောက်ဆုံး

တရုတ်အစိုးရ ဆန့်ကျင်ရေးစာပေတွေ ထုတ်ဝေဖြန့်ချိတဲ့ ဟောင်ကောင်က စာအုပ်တိုက် အယ်ဒီတာတဦး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က ထပ်ပြီး ပျောက်ဆုံးနေတယ်လို့ ဇန်န၀ါရီ ၃ ရက်နေ့က ဟောင်ကောင်အခြေစိုက်သတင်းတွေမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့လက ဒီ Mighty Current ဆိုတဲ့ စာအုပ်တိုက် ၀န်ထမ်း ၄ ဦးပျောက်ဆုံးခဲ့ပြီး သူတို့ကို ဟောင်ကောင်အစိုးရ ထိန်းသိမ်းထားတာဖြစ်မယ်လို့ စာအုပ်တိုက်ဝန်ထမ်းတွေက ပြောဆိုပါတယ်။ ဟောင်ကောင်စာပေလွတ်လပ်ခွင့်ကို အာမခံတယ်လို့ တရုတ်အစိုးရက ပြောဆိုနေခဲ့ပေမယ့် ဟောင်ကောင်အခြေစိုက် စာအုပ်ထုတ်ဝေသူ စာပေအသိုင်းအ၀ိုင်းကတော့ တရုတ်အစိုးရရဲ့ ဖိအားပေးတာ ခံနေရပြီလို့ ပြောဆိုကြပါတယ်။ အခုနောက်ဆုံး ပျောက်ဆုံးနေတဲ့ အသက် ၆၅ နှစ်အရွယ် စာအုပ်တိုက်အယ်ဒီတာတဦးဖြစ်တဲ့ ပေါလ်လီး (Paul Lee) ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက စာအုပ်တိုက်ဝန်ထမ်း ၄ ဦး တရုတ်နိုင်ငံတောင်ပိုင်းနဲ့ ထိုင်းနိုင်ငံတို့မှာ ပျောက်ဆုံးနေတဲ့အကြောင်း သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားတာပါ။ အဲ့ဒီတုန်းကတော့ လုံခြုံရေးအတွက် သူ့ရဲ့နာမည်ကို ထုတ်ဖော် မပြောဆိုခဲ့ပါဘူး။ ဟောင်ကောင်ဒုတိယအုပ်ချုပ်ရေးမှူး ကယ်ရီ လမ်(Carrie Lam) က ဟောင်ကောင်ပြည်သူတွေ အေးချမ်းတည်ငြိမ်ရေးကို ဟောင်ကောင်အစိုးရက အထူးအလေးထားပြီး အဲ့လိုအေးချမ်းတည်ငြိမ်ရေးအတွက် ဟောင်ကောင်ရဲတပ်ဖွဲ့က ဆောင်ရွက်စရာရှိတာ ဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။ ဒီ Mighty Current စာအုပ်တိုက်ဟာ တရုတ်နိုင်ငံမှာ ပိတ်ပင်ထားတဲ့ စာအုပ်စာပေအများအပြား ရောင်းချပေးနေတဲ့ စာအုပ်တိုက်ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up