A d v e r t i s e m e n t With Us

အာဆင်နယ် ၁-၀ နယူးကာဆယ် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ အာဆင်နယ်ကတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရ သွားပါတယ်။ ဒီပွဲနိုင်လို့ အာဆင်နယ်က အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ခွင့် ရသွားပါတယ်။ အာစင်နယ်ဟာ အိမ်ကွင်း ဖြစ်ပေမယ့်လည်း နယူးကာဆယ်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားရပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု သိပ်မကွာသလို ထိုးဖောက်ကန်သွင်းခွင့်တွေမှာ နယူးကာဆယ်က အပြန်အလှန် ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ၇၂ မိနစ်မှာ နောက်တန်းသမား ကိုစီရယ်နီက သွင်းယူပါတယ်။ ဒီပွဲမှာ နယူးကာဆယ် ကစားသမား ဂျန်မတ် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။ နိုင်ပွဲဆက်တဲ့ အာဆင်နယ်ဟာ ၄၂ မှတ်နဲ့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ဦးဆောင်နေပြီး ဒုတိယနေရာက လက်ဆက်စတာကို ၂ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ နယူးကာဆယ်ကတော့ ၁၇ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up