A d v e r t i s e m e n t With Us

ဝက်စ်ဟမ်း ၂-၀ လီဗာပူး (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၂ ရက်နေ့ညက အစောဆုံး ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ မှာ လီဗာပူးက အဝေးကွင်းမှာ ၀က်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ လီဗာပူးအသင်းက ဒီပွဲမှာ ဘောလုံးပို်င်ဆိုင်မှုရော ထိုးဖောက် ကန်သွင်းခွင့်တွေပါ ပိုရခဲ့တာပါ။ ဒါပေမယ့်လည်း ၀က်စ်ဟမ်းက ရတဲ့အခွင့်အရေးတွေကို အမိအရ အသုံးချနိုင်လို့ အနိုင်ရသွားပါတယ်။ ၀က်စ်ဟမ်းအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာ အန်တိုနီယိုက အနီးကပ် ခေါင်းတိုက် သွင်းယူပါတယ်။ ဒီပွဲမှာ ၀က်စ်ဟမ်းအသင်း နောက်တန်းခံစစ် ကစားပုံကောင်းလို့ လီဗာပူး တိုက်စစ်မှူးတွေ ဂိုးမသွင်းနိုင် ဖြစ်ခဲ့ရပါတယ်။ ၀က်စ်ဟမ်းအတွက် အနိုင်ရလဒ်ကို သေချာစေတဲ့ ဒုတိယဂိုးကို ၅၅ မိနစ်မှာ တိုက်စစ်မှူး အင်ဒီ ကာရိုးက သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ ၀က်စ်ဟမ်းက ၃၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို တက်လာပြီး လီဗာပူးက အမှတ် ၃၀ နဲ့ အဆင့် ၈ ကိုလျော့ကျ သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up