A d v e r t i s e m e n t With Us

နိုင်ပွဲပြန်တွေ့သွားသည့် မန်ယူ ၂-၁ ဆွမ်ဆီး (ရုပ်သံဟိုက်လိုက်)

နိုင်ပွဲပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်န၀ါရီ ၂ ရက်နေ့က  အိမ်ကွင်းပွဲစဉ်မှာ ဆွမ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ မန်ယူအသင်းမှာ ကွင်းလယ်သမား ရှဝိန်းစတိုင်ဂါ ပြန်ပါဝင်လာပြီး ကစားပုံလည်း ပိုကောင်းခဲ့ပါတယ်။ မန်ယူအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး မာရှယ်က ၄၇ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ မန်ယူက ကွင်းလယ်မှာ ဘောလုံးအသာစီး ယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ ဆွမ်ဆီးအတွက် ချေပဂိုးကို မိနစ် ၇၀ မှာ ပြန်လည်သွင်းယူပါတယ်။ မန်ယူအတွက် အနိုင်ဂိုးကို ၇၇ မိနစ်မှာ တိုက်စစ်မှူး ရွန်နီက သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဒီပွဲမှာ မန်ယူ တောင်ပံသမား အက်ရှ်လေယန်း အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။ မန်ယူဟာ ဒီပွဲနိုင်လို့ ၈ ပွဲဆက်တိုက် နိုင်ပွဲမရသေးတဲ့ စံချိန်လည်း ရပ်တန့်သွားပါတယ်။ မန်ယူဟာ လောလောဆယ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာ ရှိနေပြီး ဇယားထိပ်က အာဆင်နယ်အသင်းရဲ့ နောက် ၉ မှတ်အကွာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up