ကမ္ဘာ့အမြင့်ဆုံး ရေခဲအဆောက်အအုံ (သတင်းဓာတ်ပုံ)

1.6K
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ဟန်လောင်ကျင်းခရိုင်မြို့တော် ဟဘင်းမှာ ကမ္ဘာ့ အမြင့်ဆုံး ရေခဲအဆောက်အအုံကို ဇန်န၀ါရီ ၁ ရက်နေ့မှာ ဖွင့်လှစ်ပြသခဲ့ပါတယ်။
ရှေးခေတ် ဂေါသစ်ပုံစံ ဗိသုကာလက်ရာနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ ရဲတိုက်ပုံစံ အဆောက်အအုံဟာ အကျယ်အ၀န်းဧရိယာ စတုရန်းမီတာ ၂၈၀၀ ပေါ်မှာ တည်ဆောက်ထားခဲ့ပြီး နှင်းခဲထု ကုဗမီတာ ၃၅၀၀၀ နဲ့ ပေါင်းစပ်တည်ဆောက်ထားတာလို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။
(၁) ဒီပုံကတော့ အမြင့် ၅၁ မီတာရှိတဲ့ “နှင်းသရဖူ”လို့အမည်ပေးရမယ့်ရဲတိုက်ရှေ့မှာ လူတဦးက ကြည့်နေတဲ့ပုံဖြစ်ပါတယ်။
(၂) ဒီပုံကတော့ “နှင်းသရဖူ” ရဲတိုက်ကို အဝေးကမြင်ရပုံပါ။
(၃) ဒီပုံမှာတော့ ကမ္ဘာ့အကြီးဆုံးရေခဲအဆောက်အအုံကို အလုပ်သမားတွေတည် ဆောက်နေစဉ်တွင်းပုံဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။
(၄) ဒီပုံမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေက ရေခဲအဆောက်အအုံနဲ့ ဓာတ်ပုံရိုက်နေ ကြတာပါ။
(၅) ဒီပုံမှာတော့ မီးထွန်းညှိ
ထားတဲ့ “နှင်းသရဖူ”ရဲတိုက်ရဲ့ လှပတဲ့ရှုခင်းပုံကို မြင်ရမှာပါ။