A d v e r t i s e m e n t With Us

ထိုင်းနှစ်သစ်ကူးကာလ ကားနှင့်ဆိုင်ကယ် အစီးရေ ၂၁၄၀ ဖမ်းဆီး

ယာဉ်ထိန်းရဲ စစ်ဆေးနေစဉ်
ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးကာလအတွင်း အရက်သောက်ပြီး မော်တော်ယာဉ်မောင်းနှင်သူတွေဆီက ကားနဲ့ ဆိုင်ကယ် အစီးရေ ၂၁၄၀ ကို ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ထိုင်း သတင်းတွေမှာ ဖော်ပြချက်အရ ၂၀၁၅ ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ ဇန်န၀ါရီလ ၁ ရက်နေ့အထိ ကားနဲ့ ဆိုင်ကယ်အစီးပေါင်း  ၂၁၄၀ ကို ဖမ်းဆီးထားကြောင်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။ ဆိုင်ကယ် ၁၉၅၂ စီးနဲ့ ကား ၁၈၈ စီးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဆိုင်ကယ်နဲ့ ပြစ်မှု ကျူးလွန်တဲ့သူ အယောက် ၁၆၆၅၀ ကိုလည်း အရေးယူဖို့ ရှိကြောင်း ရေးသားထားပါတယ်။ ထိုင်းနှစ်သစ်ကူးကာလအတွင်း ယာဉ်မောင်းနေစဉ် အရက်သောက်သုံးထားတာ စစ်ဆေးတွေ့ရှိပါက  ဆိုင်ကယ်နဲ့ မော်တော်ကားတွေကို  ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၆ ရက်နေ့ထိ ဌာနဆိုင်ရာမှာ ထိန်းသိမ်းထားမယ်လို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က  ထိုင်းလုံခြုံရေး ကောင်စီက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up