A d v e r t i s e m e n t With Us

ထိုင်း နှစ်သစ်ကူးကာလ သေဆုံးသူ ၂၅၃ ဦး ရှိပြီ

ထိုင်းနိုင်ငံမှာ နှစ်သစ်ကူး ကာလအတွင်း ယာဉ်မတော်တဆမှု ၂၃၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး  သေဆုံးသူ ၂၅၃ ဦး နဲ့ ဒဏ်ရာရရှိသူ ၂၄၁၂ ဦး ရှိပါတယ်။ အခု သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ကနေ ၂၀၁၆ ဇန်န၀ါရီလ ၁ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေ ဖြစ်ကြောင်း ဒီကနေ့ ထိုင်း ဒေးလီနယူး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ချင်းမိုင်မြို့ကတော့ ယာဉ်မတော်တဆမှု ၉၁ ကြိမ်နဲ့ သေဆုံးသူ အများဆုံးဖြစ်ပြီး၊ တခြားမြို့တွေကတော့ နခွန်ရတ်ချစီမာ၊ ချင်းရိုင်း၊ စူခလာ နဲ့ ပထုံဌာနီမြို့နယ်တွေမှာ တမြို့နယ် ၉ ဦးစီ သေဆုံးတယ်လို့ ဆိုပါတယ်။ ရနောင်း၊ စမွတ်ပရာခန်၊ စင်ဘူရီ နဲ့ စူခိုထိုင်း အပါအ၀င် ၈ မြို့နယ်မှာတော့ သေဆုံးသူ မရှိကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးကာလ အန္တရာယ် နေ့ရက်အဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ကနေ ၂၀၁၆ ဇန်န၀ါရီ ၄ ရက်နေ့အထိ ထိုင်းအစိုးရက သတ်မှတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up