A d v e r t i s e m e n t With Us

သြစတြီးယား ဆယ်ကျော်သက် မိန်းကလေး အိုင်အက်စ်လိင်ကျွန်အဖြစ် အသုံးပြုခံခဲ့ရ

သြစတြီးယားနိုင်ငံကနေ ထွက်ခွာပြီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်ခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးဟာ သေတဲ့အထိ ရိုက်ပုပ်နှိပ်စက် မခံရခင်မှာ လိင်ကျွန်အဖြစ် အသုံးပြုခံခဲ့ရတယ်လို့ သြစတြေးလျသတင်းမီဒီယာ news.com မှာ ဖော်ပြပါတယ်။ အိုင်အက်စ်အဖွဲ့ရဲ့ ပိုစတာဂဲလ်တွေဖြစ်ကြတဲ့ အသက် ၁၇ နှစ်အရွယ် ဆမ်ရာ ကက်စီနိုဗစ်နဲ့  ၁၅ နှစ်အရွယ် ဆဗီနာဆယ်လီမိုဗစ်တို့နှစ်ယောက်ရဲ့ လတ်တလော သတင်းကို တူနီးရှားနိုင်ငံသား အိုင်အက်စ်အဖွဲ့ဝင်ဟောင်းတဦးက ပြောလိုက်တာပါ။ သူတို့ ၂ ဦးလုံးဟာ သူတို့အိမ်တွေဆီက ၂၀၁၄ ခုနှစ်မှာ ပျောက်ဆုံးသွားခဲ့ကြတာဖြစ်ပြီး မိသားစုဝင်တွေကို “ကျမတို့ကို မရှာပါနဲ့တော့။ ကျမတို့ အလ္လာအရှင်မြတ်ကို အလုပ်အကျွေးပြုပြီး သူအတွက် အသေခံသွားမယ်”လို့ စာရေးခဲ့ကြတာပါ။ အဲဒီအဖွဲ့နဲ့ ဆက်သွယ်ခဲ့ချိန်မှာ သူတို့ ၂ ဦးလုံးကို အိုင်အက်စ်အကြမ်းဖက်သမားတွေနဲ့ လက်ထပ်ဖို့  ဖိအားပေးခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မိန်းကလေးငယ်တွေနဲ့ အိုင်အက်စ်အဖွဲ့ဝင်တွေဟာ အိမ်တလုံးထဲမှာ အတူတကွ နေထိုင်ကြရပြီး “တပ်သားသစ်တွေအတွက် လိင်ဆက်ဆံဖို့လက်ဆောင်”လို့ သတ်မှတ် ခံခဲ့ရတာလို့ ဆိုပါတယ်။ ဆမ်ရာဟာ ဒီအဖွဲ့ထဲက လွတ်မြောက်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး နောက်ဆုံးအကြိမ်ကြိုးစားစဉ်မှာ သူ့ကို တူနဲ့ရိုက်နှက်ခဲ့ရလို့ ဒဏ်ရာအပြင်းအထန်ရပြီး သေဆုံးခဲ့ရတာပါ။ သြစတြီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သောမတ်စ်ရှနောလ်က သတင်းထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး အတည်ပြုမပေးခဲ့ပဲ “တဦးတယောက်ချင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကျနော်တို့ မှတ်ချက်မပေးလိုပါဘူး” လို့ ပြောပါတယ်။ အကြမ်းဖက်အုပ်စုတွေနဲ့ ဆက်သွယ်ခဲ့ပြီး နိုင်ငံတွင်းက ထွက်ခွာသွားတဲ့ သြစတြီး ယားနိုင်ငံသားဦးရေဟာ ၁၉၀ လောက်ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up