မီးခိုးမထွက်ပဲ အတွင်းပိုင်း မီးလောင်ကျွမ်းသည့် မကောင်းဆိုးဝါးသစ်ပင် (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ အိုဟိုင်းအိုးပြည်နယ်၊ ဒီဖိုင်းယန့်စ်မြို့မှာ သစ်ပင်တပင်ဟာ မီးခိုးလုံးဝမထွက်ပဲ အတွင်းပိုင်းမှစကာ အလိုအလျောက်မီးလောင်ကျွမ်းခဲ့တဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ကို ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဇန်န၀ါရီလ ၁ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူတွေက ဒီလိုမီးခိုးလုံးဝမထွက်ပဲ အတွင်းပိုင်းက မီးလောင်ကျွမ်းတဲ့ဖြစ်စဉ်ဟာ မကောင်းဆိုးဝါးက ပြုလုပ်တာလို့ ထင်ကြေးပေးနေကြတာပါ။ အဲဒီဖြစ်စဉ်ကို ပြီးခဲ့တဲ့ သီတင်းပါတ်က တောင်တက်သမား၂ ဦး လမ်းလျှောက် နေစဉ်တွေ့ကြုံခဲ့ရတာ ဖြစ်ပြီး တဦးက ဗွီဒီယိုကင်မရာနဲ့ မှတ်တမ်းတင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူတို့ ၂ ဦးထဲမှ တဦးက “အဓိပ္ပာယ်မရှိလိုက်တာ။ ဒါဘယ် လိုလုပ်ဖြစ်နိုင်မှာလဲ”လို့ ပြောဆိုခဲ့တာပါ။ ဒီဇင်ဘာလ ၂၁ ရက်နေ့က ယူကျူအင်တာနက်စာမျက်နှာပေါ်မှာတင်ခဲ့တဲ့ ဒီရုပ် သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၂၂၅,၀၀၀ ထက်ကျော်နေခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ကြည့်ရှုသူတွေထဲက တယောက်က “စေတန်ရဲ့ ကြွေးကြော်သံ” လို့ မှတ်ချက်ပြုခဲ့ပြီး အများစုကတော့ မကောင်းဆိုးဝါးသစ်ပင်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up