A d v e r t i s e m e n t With Us

မီဒီယာတွင် သတင်းကောင်းများ ပိုမိုဖော်ပြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

မီဒီယာတွေမှာ သတင်းကောင်းတွေကို ပိုပြီး နေရာပေး ဖော်ပြကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၂၀၁၅ ခုနှစ်အတွက် နောက်ဆုံးမိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။ စိတ်ဓာတ်ကျဆင်းစရာကောင်းတဲ့ အကြမ်းဖက်မှုတွေ၊ သတင်းတွေ၊ အမုန်းတရားတွေကို အသားပေး ဖော်ပြနေကြတဲ့ သတင်းတွေကို ချေဖျက်နိုင်ဖို့အတွက် သတင်းကောင်းတွေနဲ့ စိတ်အားတက်ကြွ သတင်းတွေကို ပိုပြီး ဖော်ပြကြဖို့ ပုပ်ရဟန်းမင်းက တိုက်တွန်းလိုက်တာပါ။ ကမ္ဘာကြီးမှာ အကြမ်းဖက်မှု၊ သေဆုံးမှုတွေ၊ အပြစ်မဲ့ ပြည်သူတွေနဲ့ ဒုက္ခသည်တွေ ဒုက္ခခံစားနေရတာကို မေ့ပျောက်ဖို့ မဖြစ်နိုင်တာ မှန်ပါတယ်။ ဒါပေမယ့် ဒုက္ခရောက်သူတွေကို ထူးထူးခြားခြား အကူအညီပေးတာတွေလည်း ရှိနေတာကို နေရာပေး ဖော်ပြကြဖို့ လိုအပ်တယ်လို့ ပုပ်ရဟန်းမင်းက ပြောပါတယ်။ ဒီလို တညီတညွတ် ဖော်ပြခြင်းအားဖြင့် အကုသိုလ်တရားအပေါ် ကုသိုလ်တရားက လွှမ်းမိုးနိုင်တယ် ဆိုတာကို ဖော်ပြနိုင်လိမ့်မယ်လို့လည်း ပုပ်ရဟန်းမင်းက ဆိုပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဖြစ်လာပြီးနောက် တတိယမြောက် နှစ်သစ်ကူးရာသီ သြ၀ါဒမိန့်ခွန်းကို မြွက်ကြားတာလည်း ဖြစ်ပါတယ်။ ခရစ္စမတ် သြ၀ါဒတုန်းကလည်း ပုပ်ရဟန်းမင်းက အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တရားမဲ့ လုပ်ရပ်တွေကို ချေမှုန်းရေးအတွက် တကမ္ဘာလုံး ညီညွတ်ကြဖို့ ဆော်သြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up