သားငယ်ကို ခွေးကြီးရန်မှ ကာကွယ်တိုက်ခိုက်ပေးသည့် ကြောင်ကွန်ဖူးမယ် (ရုပ်သံ)

ကြောင်ပေါက်စလေးကို ရန်ပြုတဲ့ ခွေးကြီးတကောင်နဲ့ သူ့ရဲ့ရန်ကနေ ကာကွယ်ပေးတဲ့ မိခင်ကြောင်မကြီးတို့ရဲ့ အဖြစ်အပျက်ကို လမ်းသွားလမ်းလာတဦးက မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။ အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ဖော်ပြခဲ့တာပါ။ လူတဦးဟာ သူ့ရဲ့ခွေးနဲ့အတူ လမ်းလျှောက်လာစဉ် လမ်းဘေးခြုံပုပ် ဘေးတနေရာမှာ ကြောင်ကလေးကို တွေ့ခဲ့ပြီး ခွေးက ကိုက်ဆွဲဖို့ လုပ်ခဲ့တာပါ။ ခွေးက ကြောင်ကလေးကို ပါးစပ်နဲ့ကိုက်ဆွဲပြီး အဝေးကို လွှင့်မပစ်နိုင်သေးခင် အချိန်မှာပဲ ကြောင်မကြီးရောက်လာပြီး သူ့ကို ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ မိခင်ကြောင်မကြီးဟာ အဲဒီခွေးကို တိုက်ခိုက်ခုခံနေတုန်းမှာပဲ ကြောင်ကလေးက ထွက်ပြေးသွားခဲ့တာပါ။ အဲဒီနောက်တော့ ခွေးပိုင်ရှင်က အဲဒီနေရာကနေ ခွေးကြီးကို ခေါ်ထုတ်သွားခဲ့ပါတယ်။ အဲဒီရုပ်သံဖိုင်ဟာ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူ ၁၈ ဒသမ ၁ သန်းရှိခဲ့ပြီး ဒါကို ဘယ်မှာ ရိုက်ကူးထားတယ် ဆိုတာကိုတော့ ဖော်ပြမထားဘူးလို့ သတင်းက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up