A d v e r t i s e m e n t With Us

ဘရာဇီးရိုးရာ နိုင်ငံတကာအပြေးပြိုင်ပွဲ အာဖရိကန် အပြေးသမားများ လွှမ်းမိုး

ဘရာဇီးရိုးရာ ဆော်ဆေးဗက်စရီ (Sao Silvestre) နိုင်ငံတကာ အပြေးပြိုင်ပွဲမှာ ထုံးစံအတိုင်း အာဖရိကန် အပြေးသမားတွေပဲ လွှမ်းမိုးထားပါတယ်။ နှစ်စဉ်ကျင်းပပြီး အခုနှစ် ၉၁ ကြိမ်မြောက် ပြိုင်ပွဲမှာ ကင်ညာက စတန်းလေး ဘိုင်ဝု (Stanley Biwott) က အမျိုးသားပြိုင်ပွဲမှာ ဗိုလ်စွဲပါတယ်။ နိုင်ငံပေါင်း ၄၂ နိုင်ငံက အပြေးသမား ၃ သောင်းလောက် ၁၅ ကီလိုမီတာပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့ကြတာပါ။ နှစ်သစ်ကူးအကြို မနက်ခင်းမှာ ဘရာဇီးရဲ့ အကြီးဆုံးမြို့ လမ်းမတလျှောက် ပြိုင်ခဲ့ကြတာပါ။ ဘိုင်ဝုက ၄၄ မိနစ် ၃၁ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့ပြီး သူ့နောက်ကနေ အီသီယိုးပီးယား အပြေးသမားတွေဖြစ်တဲ့ လူအာလီမီ (Leul Aleme) နဲ့ ဖေးယီစာ ဂီမက်ချူး (Feyisa Gemechu) တို့က ဒုတိယနဲ့ တတိယ ပန်းဝင်ကြပါတယ်။ ဘရာဇီးအပြေးသမား ဂိုဗန်နီ ဒေါ့ ဆန်းတို့စ် (Giovani dos Santos) ကတော့ အဆင့်ငါးနဲ့ ကျေနပ်လိုက်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up