Home
မြန်မာသတင်း
ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ပြည်သူ့လွှတ်တော် ပြင်ဆင်
ပိုင်စိုး
·
January 1, 2016
ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို နိုင်ငံတော်သမ္မတသက်တမ်းနဲ့ အတူတူဖြစ်စေဖို့အတွက် အုပ်ချုပ်ရေး ဥပဒေကို ပြည်သူ့လွှတ်တော်က ပြင်ဆင်လိုက်ပါတယ်။ အသစ်တာဝန်ယူရမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ အနေနဲ့ ကြီးကြပ်လမ်းညွှန်တာတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်အောင် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒီဇင်ဘာ ၃၁ ရက် ပြည်သူ့လွှတ်တော်က ပြင်ဆင်လိုက်တာပါ။ မူလဥပဒေအတိုင်းဆိုရင် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ ဇန်န၀ါရီ ၃၁ ရက်မှာ ကုန်ဆုံးမှာဖြစ်ပြီး အလောသုံးဆယ် ဆောင်ရွက်ရမယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံခဲ့ပါတယ်။ မူလဥပဒေပါ အပိုဒ်နှစ်ပိုဒ်ကို ပြင်ဆင်တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေရဲ့ ရာထူးသက်တမ်းဟာ သာမန်အားဖြင့် နိုင်ငံတော်သမ္မတရဲ့ ရာထူးသက်တမ်းအတိုင်းဖြစ်ပြီး သက်တမ်း နှစ်ကြိမ်ထက် မပိုစေရလို့ ပြင်ဆင်လိုက်ပါတယ်။ ဒီဥပဒေကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးအတည်ပြုရဦးမှာ ဖြစ်ပါတယ်။ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေက ရွေးကောက်ပွဲနဲ့ ခန့်အပ်နိုင်တာဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ထားတဲ့ ပြည်ထဲရေးဝန်ကြီး လက်အောက်ခံ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024