A d v e r t i s e m e n t With Us

မိမိအသင်း ပြီးပြည့်စုံသည့် အခြေအနေမှာရှိဟု မန်စီတီးနည်းပြ ပြော

မန်ချက်စတာစီးတီး မန်နေဂျာ ပဲလီဂရီနီ (Pellegrini) က သူ့အသင်းဟာ ပြီးပြည့်စုံတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့တော့ တိတိကျကျ မပြောပါဘူး။ "အသင်းကို အင်အားဖြည့်ဖို့ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမြဲတမ်း တံခါးဖွင့်ထားတယ်၊ ဒါပေမယ့် နာမည်ကျော် ကစားသမားတွေကို ၀ယ်ယူဖို့တော့ အစီအစဉ် မရှိသေးဘူး" လို့ ပြောပါတယ်။ မန်စီးတီးအသင်းဟာ ဒီနှစ်ရာသီ ပထမ ၁၉ ပွဲမှာ ၃၆ မှတ်ရပြီး ၂၀၀၉-၂၀၁၀ နောက်ပိုင်း အဆိုးဆုံးရလဒ်တွေ ပိုင်ဆိုင်ထားပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့က ဆန်းဒါးလန်းနဲ့ပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပေမယ့် အသင်းခေါင်းဆောင် ဗင်းဆင့် ကွန်ပနီ ခြေသလုံး ဒဏ်ရာရခဲ့သလို ဒီလပွဲတွေမှာ အသင်းခေါင်းဆောင်မပါတဲ့ ပွဲတွေကို ကစားရမယ့် အခြေအနေလည်း ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up