Thursday, June 8, 2023
HomeLead Storyဆန္ဒပြမြင်းခြံကျောင်းသား ၂ ဦး ထောင်ဒဏ် ၁ လ စီရင် (ရုပ်သံ)

ဆန္ဒပြမြင်းခြံကျောင်းသား ၂ ဦး ထောင်ဒဏ် ၁ လ စီရင် (ရုပ်သံ)

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ မြင်းခြံမြို့မှာ ဆန္ဒထုတ်ဖော်လို့တရားစွဲဆိုခံရတဲ့ မြင်းခြံမြို့က အထက်ဗမာပြည် ဗကသ ဥက္ကဋ္ဌဟောင်း ကိုသန့်ဇင် နဲ့ မြင်းခြံ ဒီဂရီကောလိပ်က ဒုတိယနှစ်ကျောင်းသား ကိုဉာဏ်မြင့်သန်းတို့ကို ငြိမ်းစုစည်ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်ပါတယ်။

ကိုသန့်ဇင်နဲ့ ကိုဉာဏ်မြင့်သန်းတို့ဟာ  ဒီကနေ့ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်ချမှတ်လိုက်တဲ့အပြင်  အလွတ် သတင်းထောက် ကိုပါကြီးသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈နဲ့ လက်ပံတန်းမှာ သပိတ်စစ်ကြောင်းက ကျောင်းသားတွေ အကြမ်းဖက်ဖြိုခွဲခံရမှုကြောင့် မတ်လ ၂၇ရက်နေ့က ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန်အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင် ပါဝင်နေမှု)နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ် ၅၀၅ (ခ)နဲ့ ဆက်လက်အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မြင်းခြံ ဒီဂရီကောလိပ်မှာ နိင်ငံတော် အလံဖြုတ်ချပြီး ဗကသ အလံလွှင့်တင်ခဲ့တဲ့အတွက် ဗကသကျောင်းသားအချို့ကို နိင်ငံတော် အလံမှု ၁၆ နဲ့ တရားစွဲဆိုပြီး ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular