A d v e r t i s e m e n t With Us

ဒေသခံများ လက်မခံသေးမီ ရေးမြို့ ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည်မဟုတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာနားမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံတွေ သဘောတူညီမှု မရှိသေးခင် ခဏ ဆိုင်းငံ့ထားတယ်လို့ လျှပ်စစ် ဒု-ဝန်ကြီး ဦးအောင်သန်းဦးက ပြောပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့ ကျင်းပတဲ့  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့တာပါ။ ၁၂၈၀ မဂ္ဂါဝပ် ရှိတဲ့ အဲဒီ စီမံကိန်းကို ဒေသခံတွေ လက်ခံသဘောတူလာဖို့အတွက် ရှင်းလင်းဆွေးနွေးသွားဖို့ ညွှန်ကြားထားပြီး လက်မခံသေးတဲ့ ကာလအတွင်း EIA/SAI လုပ်ငန်းတွေ အပါအ၀င် တခြား စူးစမ်းလေ့လာမှုလုပ်ငန်းတွေကိုလည်း မလုပ်ပဲ ရပ်နားထားတယ်လို့ သူက ပြောတာပါ။ ဒီစီမံကိန်းကို  Toyo- Thai Corporation Public Co.,Ltd.၊ Toyo- Thai Coal Power Pte.,Ltd. နဲ့  တိုင်းရင်းသားပိုင် ဝင်းရောင်ခြည်ဦးကုမ္ပဏီတို့က   နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ Ultra Super Critical စနစ်သုံး တည်ဆောင်မယ်လို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် သက်ရောက်မှုတွေကို လေ့လာဖို့ အင်္ဂလန်နိုင်ငံအခြေစိုက် Enviromental Resourses Managements Co.,Ltd. နဲ့  ပြည်တွင်းအခြေစိုက် အတိုင်ပင်ခံအဖွဲ့တွေကို ငှားရမ်းဖို့လည်း စီမံထားတယ်လို့ ၀န်ကြီးက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up