A d v e r t i s e m e n t With Us

အကြမ်းဖက်တိုက်ခိုက်မှု စိုးရိမ်ရ၍ ဥရောပမြို့ကြီးများတွင် လုံခြုံရေးအဆင့်မြှင့်

ပါရီတွင် လုံခြုံရေးယူနေသည့် ပြင်သစ်စစ်သားအချို့။ (ဓာတ်ပုံ - ရိုက်တာ)
အခုနှစ် နှစ်သစ်ကူးနေ့မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဥရောပမြို့ကြီးတွေမှာ လုံခြုံရေး အဆင့်မြှင့်တင်ထားကြပါတယ်။ ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်စ်ဆဲလ်မြို့တော်မှာတော့ နှစ်သစ်ကူးနေ့မှာ မီးရှူးမီးပန်းတွေ မလွှတ်ဖို့ တားမြစ်ထားပါတယ်။ ဥရောပမြို့တော်ကြီးတွေဖြစ်တဲ့ ပါရီမြို့တော်၊ လန်ဒန်မြို့တော်၊ ဘာလင်မြို့တော်နဲ့ မော်စကိုမြို့တော်တွေမှာလည်း မြို့တော်လုံခြုံရေးအဆင့်တွေ မြှင့်တင်ထားပါတယ်။ တူရကီနိုင်ငံ၊ အန်ကာရာမြို့တော်မှာတော့ နှစ်သစ်ကူးပွဲတော်ကို အကြမ်းဖက်တိုက်ခိုက်မယ့် အစီအစဉ်တခု ဖော်ထုတ်တားဆီးနိုင်ခဲ့ပြီး အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဝင်လို့ သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားတယ်လို့ တူရကီ လုံခြုံရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ ဥရောပမြို့တော်ကြီးတွေကို နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်နိုင်တယ်ဆိုပြီး ထောက်လှမ်းရေးသတင်းတွေ ရရှိခဲ့တယ်လို့ သြစတြီးယား ရဲတပ်ဖွဲ့က အခုတပတ် အစောပိုင်းက ပြောဆိုခဲ့တာပါ။ အခုနှစ် လန်ဒန်မြို့တော် နှစ်သစ်ကူး မီးရှူမီးပန်း အလှပြပွဲကို လူ ၁ သိန်းကျော် လာရောက်မယ်လို့ ခန့်မှန်းထားပြီး မြို့လယ်မှာတော့ ရဲတပ်ဖွဲ့အင်အား ၃၀၀၀ နေရာချထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up