A d v e r t i s e m e n t With Us

ပြည်သူများသို့ သူရဦးရွှေမန်း၏ နှစ်သစ်ဆုတောင်း (ရုပ်သံ)

အခုချိန်ဟာ ရရှိလာတဲ့ အခွင့်အလမ်းကောင်းတွေကို အမိအရ အသုံးပြုရမယ့်အချိန်လို့ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ရုပ်သံကနေထုတ်လွှင့်မယ့် နှစ်သစ်ကူးဆုတောင်းစကားမှာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားလိုက်တာပါ။ ဒါ့အပြင် "ယနေ့ကာလသည် ပြည်သူများ၏ဆန္ဒနှင့်အညီ အပြောင်းအလဲပြုလုပ်၍ အကောင်းများ ဖြစ်ပေါ်ရရှိရေးကို ပိုမိုမျှော်လင့် နိုင်ကြပြီ"လို့လည်း သူကဆိုပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူတဦးချင်းစီအနေနဲ့လည်း ရောက်ရာအရပ်မှာ ကျရာတာဝန်ကို ကိုယ်စီကိုယ်ငှ တာဝန်ကျေစွာ ပါဝင်ထမ်းရွက်ပြီး နိုင်ငံအတွက်၊ ပြည်သူအတွက်၊ နိုင်ငံဂုဏ်သိက္ခာအတွက် မြှင့်တင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုတောင်းထားပါတယ်။ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ခေါင်းဆောင်တွေရဲ့ နှစ်သစ်ကူး ဆုတောင်းစကားတွေကို နိုင်ငံပိုင်မီဒီယာတွေမှာ ထုတ်လွှင့်သွားမှာဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။ ရုပ်သံ - ဦးရွှေမန်းဖေ့စ်ဘွတ်ခ်

A d v e r t i s e m e n t With Us

More News
Up