မဲဆွယ်ပွဲအတွက် ဒေါ်နယ်ထရမ့် တပတ်လျှင် အနည်းဆုံး ဒေါ်လာ ၂ သန်း သုံးစွဲမည်

ဓာတ်ပုံ - ရိုက်တာ
2K
ရီပတ်ပလစ်ကန်ပါတီရဲ့ အမေရိကန်သမ္မတလောင်းအဖြစ် ထိပ်ဆုံးကပြေးနေတဲ့ ဒေါ်နယ်ထရမ့်က လာမယ့်နှစ် ဖေဖော်ဝါရီလမှာ စတင်မယ့် အမေရိကန်သမ္မတ ကနဦး ရွေးကောက်ပွဲတွေ မတိုင်ခင် မဲဆွယ်ပွဲတွေအတွက် တပတ်ကို အမေရိကန်ဒေါ်လာ အနည်းဆုံး ၂ သန်း သုံးစွဲမယ်လို့ ပြောပါတယ်။
အိုင်အိုဝါပြည်နယ်၊ နယူးဟမ်းရှိုင်းယားပြည်နယ်၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်တွေမှာ ရွေးကောက်ပွဲကြို ကာလတွေအတွင်း မဲဆွယ်ပွဲ ကြော်ငြာအတွက် ငွေကြေးအလုံအလောက် သုံးစွဲသွားမှာ ဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုပါတယ်။
ဒေါ်နယ်ထရမ့်ကတော့ အမေရိကန်ပြည်ထောင်စုဟာ အိမ်ခြံမြေ သန်းကြွယ်သူဋ္ဌေး စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး သူ့ရဲ့ လက်ရှိမဲဆွယ်ပွဲ ကုန်ကျငွေအားလုံးကို ဘယ်ကော်ပိုရေးရှင်းတွေ၊ ဘယ်ကုမ္ပဏီ၊ ဘယ်ရွေးကောက်ပွဲ လော်ဘီဆီကမှ မယူဘဲ သူ့ကိုယ်ပိုင်ငွေနဲ့ အိတ်စိုက်မဲဆွယ်စည်းရုံးရေး ဆင်းနေတာလို့ ပြောပါတယ်။
ရွေးကောက်ပွဲ ငွေကြေးသုံးစွဲမှု ထိုက်သင့်သလောက်တောင် မသုံးရသေးလို့ လာမယ့် မဲဆွယ်ပွဲတွေမှာ ငွေကြေး ရက်ရက်ရောရော စိုက်ထုတ်သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကတော့ နယူးယောက်မြို့တော်ဝန်ဟောင်း ဖြစ်ခဲ့တဲ့ ရီပတ်ပလစ်ကန် သမ္မတလောင်း ဂျော့ခ်ျ ပတ်တာကီ (George Pataki) ကတော့ ရွေးကောက်ပွဲမှာ ထင်သလောက် ထောက်ခံမှု မရတာကြောင့် သမ္မတလောင်းစာရင်း တင်သွင်းထားတာကို ပြန်ရုပ်သိမ်းသွားပါတယ်။