A d v e r t i s e m e n t With Us

ရာသီဥတုဆိုးရွားမှုကြောင့် အဲကနေဒါ ဦးတည်လမ်းကြောင်းပြောင်း (ရုပ်သံ)

အဲကနေဒါလေကြောင်းဟာ ဒီဇင်ဘာ ၃၀ ရက်နေ့က ပျံသန်းနေစဉ်မှာ လေလမ်းကြောင်း ဆိုးဆိုးဝါးဝါး တိုက်ခတ်ခံရတဲ့အတွက် ဦးတည်လမ်းကြောင်း ပြောင်းခဲ့ရပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ အဲဒီလေကြောင်းလိုင်းဟာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ကနေ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ဆီ ဦးတည်ပျံသန်းလာချိန်မှာ ခုလိုဖြစ်ခဲ့တာဖြစ်ပြီး ကယ်လ်ဂရီမြို့မှာ ဆင်းသက်ခဲ့ရတာပါ။ မချိမဆန့်ဝေဒနာ ခံစားနေရတဲ့ ခရီးသည်တွေကို ဆေးရုံပို့ဆောင်ပေးနိုင်ဖို့ ကယ်လ်ဂရီလေဆိပ်ပြင်ပမှာ လူနာတင်ယာဉ်တွေဟာ တန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။ လေယာဉ်ပေါ်ပါ ခရီးသည် ၃၀၀ ကျော်ထဲက ခရီးသည် ၂၀ ထက်မနည်း လည်ပင်းနဲ့ နောက်ကျောဘက်ပိုင်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာဖြစ်တယ်လို့ ကယ်လ်ဂရီ ကယ်ဆယ်ရေးဌာနရဲ့ အဆိုကို ကိုးကားပြီး ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အဲကနေဒါ-၈၈ လေယာဉ်ဟာ တိုရွန်တိုမြို့ဆီသွားမယ့် မူလခရီးစဉ်ကို ရွှေ့ပြောင်းခဲ့ကာ ကယ်လ်ဂရီမြို့မှာ ၃ နာရီကျော်ကြာ ဆင်းသက်ခဲ့ရတာပါ။

A d v e r t i s e m e n t With Us

More News
Up