A d v e r t i s e m e n t With Us

မြန်မာကာတွန်း နှစ် ၁၀၀ ပြည့် အခမ်းအနား (ဓာတ်ပုံ)

မြန်မာကာတွန်း နှစ် ၁၀၀ ပြည့် အခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) မှာ ဒီဇင်ဘာ ၃၀ နှင့် ၃၁ ရက်နေ့မှာ နေ့စဉ် မနက် ၉  နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပနေပါတယ်။ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့ မြန်မာ့ကာတွန်း သမိုင်းရဲ့ ထွန်းပြောင်မှု၊ ဖိနှိပ်ခံ ပြည်သူလူထု ဘက်မှ အစဉ်ထာဝရ ရပ်တည်ပေးခဲ့တဲ့ ကာတွန်းဆရာတွေရဲ့ သမိုင်းအမွေ ဆက်ခံမှုကိုအားပေးလိုတာကြောင့် ကာတွန်းဆရာတွေရဲ့ ခေတ်ကို ထင်ဟပ်စေတဲ့ အတွေးအခေါ် ဖန်တီးမှုတွေကို အများပြည်သူတို့ စိတ်လက်ကြည်နူးစွာ ခံစားစေခြင်းအကျိုးဌာ ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ ကွယ်လွန်သွားကြတဲ့ ကာတွန်းဆရာကြီးတွေရဲ့ ဓာတ်ပုံတွေ အပါအ၀င် ခေတ်အဆက်ဆက် ကာတွန်းဆရာတွေရဲ့ ဖန်တီးမှုလက်ရာများကိုလည်း ချိတ်ဆွဲပြသ ထားပါတယ်။ ဆရာဝင်းဖေ၊ ဆရာငွေကြည်၊ ဆရာမြေဇာ၊ ဆရာမောင်သာချို တို့မှ ဟောပြောပွဲတွေကို ပြုလုပ်မှာဖြစ်ပြီး ကာတွန်းဆိုင်ရာ ဆွေးနွေးပွဲနဲ့ စာတမ်းဖတ်ပွဲကိုပါ ထည့်သွင်း ကျင်းပနေပါ တယ်။ ထို့ပြင် ၀င်ကြေး အခမဲ့ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာနိုင်တဲ့ ရန်ကုန် ကာတွန်း ဆရာ၊ ဆရာမတွေကိုယ်တိုင် ပါဝင်တင်ဆက်မယ့် ဗိုလ်ကာတွန်း အငြိမ့်နဲ့ မန္တလေးကာတွန်း ဆရာ၊ ဆရာမတွေ ပါဝင်ကပြမယ့် ၅ နှစ်စောင့်ပါ မယ်ဥမ္မာပြဇာတ် ကိုလည်း ဖျော်ဖြေ တင်ဆက်နေပါတယ်။  

A d v e r t i s e m e n t With Us

More News
Up