A d v e r t i s e m e n t With Us

ရာသီဥတုဆိုးဝါးမှုကြောင့် ၂၀၁၆ တွင် ငတ်မွတ်ခေါင်းပါးမှု ပိုရင်ဆိုင်ရနိုင်

ဓာတ်ပုံ - ရိုက်တာ
မှတ်တမ်းတင်ခဲ့သမျှ အပြင်းထန်ဆုံး အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် လာမယ့် ၂၀၁၆ ခုနှစ်အတွင်း ရာသီဥတု ဆိုးဝါးပြီး နောက်ဆက်တွဲ ငတ်မွတ်ခေါင်းပါးမှု၊ ကပ်ရောဂါဘေးတွေနဲ့ ပိုပြီး ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ အရေးပေါ် ကူညီထောက်ပံ့ရေး အေဂျင်စီတွေက ပြောပါတယ်။ အယ်နီညိရာသီဥတုဖြစ်စဉ်ကြောင့် လေဖိအားနည်းရပ်ဝန်းမှာ မိုးပုံမှန်ရွာသွန်းပြီး လေဖိအားများရပ်ဝန်းမှာ သာမန်ထက် ပိုပြီး မိုးခေါင်ရေရှား ဖြစ်တတ်တာပါ။ သဘ၀ဘေးအန္တရာယ် အရေးပေါ်ကယ်ဆယ်ရေး အေဂျင်စီတွေရဲ့ အဆိုအရ အဆိုးဆုံးခံရတဲ့ ဒေသက အာဖရိကတိုက်ဖြစ်နိုင်ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလထဲမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကယ်ရီဘီယမ်ပင်လယ် ဒေသတွင်းနိုင်ငံတွေ၊ အလယ်အမေရိကနဲ့ တောင်အမေရိက နိုင်ငံတွေလည်း လာမယ့် ၆ လအတွင်းမှာ ရာသီဥတု ဆိုးဆိုးရွားရွား ဖောက်ပြန်မှု ခံရနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ အခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ၂၀၁၅ ခုနှစ်ဟာလည်း မှတ်တမ်းတင်ခဲ့သမျှ ကမ္ဘာ့အပူပြင်းဆုံးနှစ် ဖြစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up